သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ရွာသာယာရွာအနီးမှာ စစ်ကောင်စီနဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲလို့ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
မေလ ၂၃ ရက် ဒီကနေ့ မနက် ၆ နာရီက အင်အား ၂၀၀ နီးပါးရှိတဲ့ တပ်မ ၇၇၊ ခမရ ၄၁၆ ပူးပေါင်းစစ်ကြောင်းနဲ့ PDF တွေ တိုက်ပွဲတွေပြန်လည်စတင်ခဲ့ပြီး နေ့လည် ၁၁ နာရီခွဲလောက်က မြစ်ကြီးနားဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့အထိနာလို့ထင်တယ် လက်နက်ကြီးပစ်ကူတွေရော လေကြောင်းတွေရောတိုက်တယ်၊ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၃ မိနစ်လောက်ပတ်ပြီးမှ ဗုံး ၁၄ လုံး ၁၅ လုံးလောက်ကြဲသွားတယ်။” လို့ အင်းတော် PDF ရဲဘော်တဦးက ပြောပါတယ်။
ဗုံးကြဲခံရလို့ အင်းတော် PDF က ရဲဘော် ၂ ဦးဒဏ်ရာရခဲ့ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ တိုက်ပွဲတွေရှိနေတဲ့အတွက် မသိရသေးဘူးလို့ ဆိုပါတယ်။
အင်းတော်မှာ မေလ ၂၂ ရက်နေ့ မနေ့က မနက် ၇ နာရီထဲက တိုက်ပွဲစတင်နေတာဖြစ်ပြီး အင်းတော် လက်နက်ကြီးကုန်းကနေလည်း ပစ်ကူတွေပေးနေတယ်လို့ သိရပါတယ်။