အင်းတော်မှာ လက်နက်ကြီးထိမှန်လို့ ပြည်သူတဦး သေဆုံး

အင်းတော်မှာ လက်နက်ကြီးထိမှန်လို့ ပြည်သူတဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တောင်ဘက် တမိုင်ခန့်အကွာက နားခါရွာမှာ စစ်ကောင်စီတပ်သားတွေပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ပြည်သူတဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၄ ရက် ည ၉ နာရီဝန်းကျင်မှာ အင်းတော်မြို့လက်နက်ကြီးကုန်းကပစ်တဲ့ ၆၀ မမ ဗုံးသီးဟာ နားခါရွာ ဘုန်းကြီးကျောင်းအနီးက နေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ပစ်တာက ညပိုင်းပစ်တာ။ မနက် ၃ နာရီလောက်မှာ ဆုံးသွားတယ်။ ကျနော်တို့ဆီမှာက ည ၆ နာရီနောက်ပိုင်း အပြင်ထွက်လို့မရတော့ ဆေးမကုရဘူး၊ နေအိမ်မှာပဲ ဆုံးသွားတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၆၅ နှစ်အရွယ် နားခါရွာသား ဦးစိုးနိုင်ဖြစ်ပြီး ခါးအောက်ပိုင်း ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ကာ ဇွန်လ ၂၅ ရက် မနေ့ကနေ့လယ်ပိုင်းမှာ သင်္ဂြိုဟ်ပြီးပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်ကစတင်ကာ အင်းတော်မြို့နယ်၊ နန့်သာရွာအနီးမှာတိုက်ပွဲတွေဖြစ်နေပြီး အဲ့ဒီနေ့ ည ၁၂ နာရီလောက်ကလည်း နန့်သာရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုန်းကြီး ၁ ပါးနဲ့ ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အင်းတော် #စစ်ကောင်စီ #လက်နက်ကြီးပစ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10