အင်းတော်မှာ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွား

အင်းတော်မှာ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်က အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၈ ရက်ညနေ ၄ နာရီကျော်မှာ သေနတ်နဲ့ပစ်ခတ်ပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူ ၂ ဦးမှာ အမည်မသိရတဲ့ အသက် ၂၀ကျော်အရွယ် နန့်သဲကျေးရွာသား ၁ ဦးနဲ့ မဲဇာကျေးရွာသား ၁ ဦးတို့ဖြစ်ကြပြီး သူတို့ကို စစ်ကောင်စီတပ်သားတွေက နန့်ကင်ကျေးရွာရဲ့ကားလမ်းမပေါ်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"ကောင်လေးနှစ်ယောက်က မြို့ပေါ်က ဆိုင်ကယ်နဲ့ ရွာကိုပြန်လာတာ။ နန့်ကင်ရွာလမ်းမကိုအရောက်မှာ စကစတွေနဲ့ တွေ့ပြီးတော့ ပစ်ခတ်ခံလိုက်ရတာ။ လမ်းမမှာ သွေးတွေပေကျန်ခဲ့တယ်" လို့ ပစ်ခတ်မှုဖြစ်တာကို မြင်တွေ့ခဲ့ရတဲ့ နန့်ကင်ကျေးသားတွေရဲ့ပြောဆိုချက်ကိုကိုးကားပြီး Indaw Revolution-IR တာဝန်ခံက ပြောပါတယ်။

နန့်ကင်ကျေးရွာဟာ အင်းတော်မြို့နဲ့ မိုင်ဝက်ခန့်သာဝေးပြီး နန့်သဲနဲ့ မဲဇာကျေးရွာတို့ကတော့ ၁၀မိုင် ခန့်ဝေးပါတယ်။

ယမန်နေ့ညနေ ပစ်ခတ်မှုမဖြစ်မီအချိန်မှာ နန့်ကင်ကျေးရွာကို PDF တွေဝင်ရောက်နေတယ်ဆိုပြီးသတင်းအရ စစ်ကောင်စီတပ်သားတွေက စစ်ကား၂ စီးနဲ့ကျေးရွာကို ဝင်ရောက်လာပြီး ရွာပတ်ပတ်လည်ကို ကင်းပုန်ချစစ်မေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက နန့်ကင်ကျေးရွာကို စစ်ဆေးနေချိန် အဲ့ဒီအမျိုးသား ၂ ဦး က မြို့ပေါ်ကနေဆိုင်ကယ်နဲ့ သူတို့ကျေးရွာကို ပြန်လာချိန် ကားလမ်းမပေါ်မှာတွေ့ပြီး ပစ်ခတ် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက်ဒီကနေ့မှာတော့ အဖမ်းခံ အမျိုးသား ၂ ဦးဟာ အင်းတော်မြို့မရဲစခန်းမှာ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၅ ရက် ည ၁၀ နာရီကျော်မှာလည်း အင်းတော်မြို့၊ ညောင်ပင်စုရပ်ကွက်က လူနေအိမ်တအိမ်ကို စစ်ကောင်စီတပ် သား ၃၀ ခန့်က ဝင်စီးပြီး အမျိုးသမီး ၂ ဦးနဲ့အမျိုးသား ၁ ဦးတို့ကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ဒေသခံ #ပစ်ခတ်ဖမ်းဆီးခံရ #စစ်ကောင်စီ #စစ်ကိုင်း #အင်းတော် #IndawRevolution_IR

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10