အင်းတော်မှာ အသတ်ခံထားရတဲ့ အမျိုးသားအလောင်းတွေ့

အင်းတော်မှာ အသတ်ခံထားရတဲ့ အမျိုးသားအလောင်းတွေ့

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲမှာ အသတ်ခံထားရတဲ့ အမျိုးသားတဦးရဲ့အလောင်းကို အောက်တိုဘာ ၇ ရက် ည ၆ နာရီကျော်မှာ တွေ့ရှိခဲ့တယ်လို့ Indaw Revolution - IR အဖွဲ့ဆီက သိရပါတယ်။ 

အလောင်းကို အင်းတော်မြို့နဲ့ တမိုင်ခန့်အကွာ ကမ်းနီးကျေးရွာအနီးက လယ်ကွင်းပြင်မှာ ဓားထိုးသွင်း ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာလို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး Indaw Revolution - IR အဖွဲ့တာဝန်ခံက ပြောပါတယ်။ 

"အလောင်းကို လက်ပြန်ကြိုးတုပ်ထားတယ်။ ပြီးတော့ ဓားထိုးသွင်း ဒဏ်ရာတွေ၊ ရိုက်နှက်ဒဏ်ရာတွေနဲ့ တွေ့ရတာ။ သေနတ်ဒဏ်ရာတော့ မတွေ့ရဘူး” လို့ IR အဖွဲ့တာဝန်ခံက ပြောပါတယ်။  

အသတ်ခံရသူနဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမယ့် စစ်ကောင်စီရဲ့ ခမရ ၁၀၁ တပ်ရင်းက စစ်သားတွေ ဝင်ရောက်ခဲ့တဲ့ သောင်ကြီးကျေးရွာနဲ့ မော်တိတ်ကျေးရွာက ဖြစ်နိုင်သလို ဒီသတ်ဖြတ်မှုကိုလည်း စစ်ကောင်စီတပ်တွေကပဲ လုပ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ 

အောက်တိုဘာ ၄ ရက်မှာ သောင်ကြီးကျေးရွာအနီး အဆိုပါစစ်ကောင်စီတပ်နဲ့ ကျောင်းသားတပ်တော် - ABSDF တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက သောင်ကြီးကျေးရွာကတဆင့် မော်တိတ်ကျေးရွာထဲကို ဝင်ရောက်ခဲ့ကြတာပါ။  

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာလည်း အင်းတော်မြို့နယ်၊ ကူးဆိပ်ကျေးရွာအနီးမှာ သတ်ပြီး မြေမြှုပ်ခံထားရတဲ့ အမည်မသိအမျိုးသား ၃ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #အင်းတော် #အမျိုးသားအလောင်းတွေ့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10