အစည်းအဝေးလုပ်နေတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့  ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရလို့  ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရတယ်လို့ Buffalo Soldiers Freedom Force အဖွဲ့ဆီက သိရပါတယ်။

မတ်လ ၂၅ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ အင်အား စုစုပေါင်း ၆၀ ခန့်နဲ့ အစည်းအဝေးလုပ်နေချိန်  Fixed Wings (မောင်းသူမဲ့လေယာဉ်) ၅ စီးအသုံးပြုပြီး ဗုံးသီး ၄ လုံး ချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုကျွဲကြီးအဖွဲ့က ဗိုလ်ကျွဲကြီးက ဆိုပါတယ်။

ဒရုန်းဗုံးသီးချတိုက်ခိုက်မှုအတွင်း စစ်ကောင်စီနဲ့ ပျူစောထီး  ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာပြင်းထန်လို့ မန္တလေးဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်စဥ် စစ်ကောင်စီဘက်ကထောင်ထားတဲ့ ဂျန်ပါကြောင့် ဒရုန်းတစီးပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို  Buffalo soldiers freedom Force(drone) တပ်ဖွဲ့၊ Shwebo Crocodile ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊ X Force LPDF (Shwebo) ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ သိခ်အားမာန်၊ ဗိုလ်လင်းရောင်(ဒပယ)၊ ဇာမဏီဒေါင်း(ဒပယ)၊ ရွှေဘိုမြို့နယ် တန(၂) တပ်ပေါင်းစုအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မတ်လ ၁၂ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်း ကော့ကျေးရွာ ကြက်မွေးမြူရေးဇုံနားမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့ဗုံးချခံရလို့ ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း ၊တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10