အစီး ၂၀ ပါ စစ်ယာဉ်တန်း မိုင်းဆွဲခံရလို့ ၈ ဦး ဒဏ်ရာရပြီး သေဆုံးမှုရှိနိုင် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါဘက်ကနေ ထွက်လာတဲ့ တပ်မ ၁၀၁ က စစ်သား နဲ့ ခလရ ၂၅၈ က စစ်ယာဉ်တန်း အစီး ၂၀ ကို မတ်လ ၃၀ ရက် မနေ့က ပခုက္ကူမြို့နယ်နဲ့ မြိုင််မြို့နယ်အတွင်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးအပါအဝင် စစ်ကောင်စီအင်အား ၈၀ နဲ့ ၁၀၀ ဝန်းကျင်လိုက်ပါလာတဲ့ စစ်ကား ၂၀ စီးကို ဒီမနက် ၉ နာရီလောက်က ကန်တော်ကျေးရွာနဲ့ ညောင်ဂျစ်ပင်ကျေးရွာအကြားမှာတကြိမ်၊ မြိုင် နဲ့ ကိုင်းတောမ အကြား တကြိမ် ပဒေသာမိုင်းတွေနဲ့ ဆွဲခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ ဗိုလ်လက်ယာက ပြောပါတယ်။

"၈ စီးမြောက်ကားနဲ့ ၁၀ စီးမြောက်ကားကို ပဒေသာမိုင်းဆွဲတာ ၈ ဦးလောက် ဒဏ်ရာရတယ်။ နောက်ထပ်မြိုင်နဲ့ ကိုင်းတောမအကြားမှာလည်း ထပ်ဆွဲခဲ့တယ်။ အဲမှာလည်း ဒဏ်ရာရကြတာ သုံးလေးငါးဦးတော့ သေမှာ။ ဒဏ်ရာရတဲ့ ၈ ဦး‌ကိုတော့ တပ်မ ၁၀၁ ထဲမှာ ကုနေတယ်" လို့ ပြောပါတယ်။

 တည်းဖြတ် - CM

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10