အဆရ ၁၂ က တပ်သားတဦး လက်နက်တွေနဲ့အတူ အလင်းဝင်

အဆရ ၁၂ က တပ်သားတဦး လက်နက်တွေနဲ့အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ အလင်းဝင်လာတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

အဲ့ဒီတပ်သားဟာ မုံရွာအခြေစိုက် အမှတ် ၁၂ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း က တပ်သားရန်နိုင်ဖြိုး ဖြစ်ပြီး ဇန်နဝါရီ ၂ ရက် ညနေ ၅ နာရီလောက်မှာ MA 11 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၆၁ တောင့်ယူပြီး အလင်းဝင်လာတာလို့ ဆိုပါတယ်။ 

“တပ်သားကတော့ ဧရာဝတီတိုင်း၊ ဟင်္သာတဘက်ကပါ။ အင်မထီးကျေးရွာမှာ တာဝန်ကျနေတာ။ အင်မထီးကျေးရွာ အရှေ့ဘက်မှာ ကျနော်တို့ရဲဘော်တွေ ကင်းချထားတာတွေရှိတယ်။ အဲဒီရဲဘော်တွေဆီ အလံဖြူထောင်ပြီးတော့ ‘ကျနော်အင်မထီးကျေးရွာထဲက ထွက်လာတာပါ၊ ပြည်သူနဲ့ ပူးပေါင်းချင်လို့ပါ’ ပြောပြီး အလင်းဝင်လာတာ” လို့ ယင်းမာပင်ခရိုင်ပကဖမှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

လက်ရှိမှာတော့ တပ်သား ရန်နိုင်ဖြိုးကို လုံခြုံမှုရှိတဲ့နေရာကို ပို့ဆောင်ထားပြီး ဆုကြေးငွေအဖြစ် ကျပ်သိန်း ၈၀ ကိုထောက်ပံ့ထားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #အင်မထီး #အဆရ၁၂ #အလင်းဝင် #တပ်သား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10