အညာက PDF အဖွဲ့အချို့ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့ (ရုပ်/သံ)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ ဂုဏ်ပြုပွဲအစီအစဉ်ကို စစ်ကိုင်း၊ မကွေး အပါအဝင် အညာဒေသက PDF တွေ အသီးသီး ကျင်းပခဲ့ကြပါတယ်။ 

အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးထောင်ချခံထားရတဲ့ သူတွေအတွက် ကြွေးကြော်ဆန္ဒပြတာတွေ၊ မွေးနေ့ဆုတောင်းနဲ့ ပန်းသပိတ်တွေ နေရာအသီးသီးမှာ ပြုလုပ်ထားတွေကို စုစည်းတင်ဆက်ထားပါတယ်။

ဇွန်လ ၁၉ရက် ဒီကနေ့မှာ တနိုင်ငံလုံးအတိုင်းတာနဲ့ လူထုပန်းသပိတ်တွေဖော်ဆောင်ပြီး အနုပညာရှင်တချိူ့ကလည်း နိုင်ငံရေးသီချင်းတွေသီဆိုကာ လူထုသပိတ်မှာ ပါဝင်နေကြတာလည်း ဖြစ်ပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #ဒေါ်အောင်ဆန်းစုကြည် #၇၈နှစ်ပြည့် #ဂုဏ်ပြု #CDM #ပြည်သူ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10