အညာစစ်တွင်း ခရီးသည် (ရုပ်သံဆောင်းပါး)

(မြေလတ်အသံသတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည့် ခရီးသွားဆောင်းပါးအား ရုပ်သံဆောင်းပါးအဖြစ် ပြန်လည်တင်ဆက်ခြင်းဖြစ်သည်။)

ခရီးမထွက်တာကြာပြီဖြစ်တဲ့ စာရေးသူဟာ တော်လှန်ရေးကာလ အညာဒေသက မြင်ကွင်းတွေကို ကြည့်ရှုဖို့ ရန်ကုန်ကနေ မကွေးတိုင်း၊ မြိုင်မြို့ဘက်ကို ခရီးထွက်လာခဲ့ပါတယ်။

အောင်မင်္ဂလာကားကြီးကွင်းက စထွက်ထွက်ချင်း ဂိတ်အပြင်ဘက်မှာ စစ်ဝတ်စုံနဲ့ စစ်သားတချို့တွေ့ရပါတယ်။ အုတ်နဲ့ဆောက်ထားကာ ပစ္စည်းပေးနိုင်ရုံလောက် အပေါက်လေးဖောက်ထားတဲ့ အဆောက်အဦထဲမှာ စစ်သားတဦး ထိုင်နေပြီး ကားစပါယ်ယာက အဲ့ဒီစစ်သားဆီသွားကာ ခရီးသည်ဦးရေနဲ့ အချက်အလက်ပေးရပါတယ်။

အညာဒေသကို ခရီးထွက်မယ်ဆိုတော့ စာရေးသူအတွက် စွန့်စားခန်းတခုလိုပါပဲ။ သွားရာလမ်းတလျှောက်မှာ အခန့်မသင့်ရင် အဖမ်းခံရနိုင်သလို  မီဒီယာတွေပေါ်မှာ အမြဲတွေ့နေရတဲ့အညာဒေသက စစ်ဖြစ်နေတဲ့ဒေသဖြစ်လို့ စစ်ကြောင်းတွေ ဝင်ထွက်နေတာကြောင့် အချိန်မရွေး ကိုယ်တိုင် အန္တရာယ်ကြုံတွေ့နိုင်ပါတယ်။ 

အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ထွက်ဖြစ်တဲ့ ခရီးလည်းဖြစ်သလို စစ်ဒဏ်ကို ခံစားနေရတဲ့ အညာဒေသက လူတွေရဲ့ဘဝကို မျက်မြင်တွေ့ရမှာမို့ ဆိုရှယ်မီဒီယာပေါ်မှာတွေ့နေကျ မီးလောင်ပြင် ပြာပုံဖြစ်နေတဲ့အိမ်တွေ၊ သောကတွေနဲ့ ပြေးလွှားနေတဲ့ ရွာသားတွေကိုတွေ့ခဲ့ရင် စာရေးသူအနေနဲ့ အားပေးစကား ဘာတွေပြော‌ပေးရမလဲ၊ စစ်ဒဏ်ကြောင့် အညာဒေသကြီး ဘယ်လောက်ပျက်စီးနေပြီလဲဆိုတဲ့ အတွေးတွေနဲ့ ကားပေါ်မှာ လိုက်ပါလာခဲ့ပါတယ်။

ရေးသားသူ - သျှား၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ဆောင်းပါး #ခရီးသွားဆောင်းပါး #အညာ #ခရီးသည် #စစ်ရှောင် #ကာကွယ်ရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10