အညာဒေသက ကျောင်းသားလက်ရုံးတပ် အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို AA တာဝန်ရှိသူတွေ တက်ရောက်

အညာဒေသက ကျောင်းသားလက်ရုံးတပ် အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို AA တာဝန်ရှိသူတွေ တက်ရောက်

စစ်ကိုင်းနဲ့မကွေးတိုင်းမှာ စစ်ရေးဖော်ဆောင်နေတဲ့ Student Armed Force ကျောင်းသားလက်ရုံးတပ်တော်ရဲ့ အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၈ ရက်က တပ်ဖွဲ့ဌာနချုပ်မှာ ကျင်းပခဲ့ပြီး ဒီပွဲကို ရက္ခိုင့်တပ်တော် (AA) က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ အထူးတိုက်ခိုက်ရေးသင်တန်းကို ရက္ခိုင့်တပ်တော် - AA ကလေ့ကျင့်သင်ကြားပေးခဲ့တာ ဖြစ်ပြီး သင်တန်းကာလ ၂ လခွဲကြာမြင့်ကာ သင်တန်းသားဦးရေ ၆၀ တက်ရောက်သင်ကြားခဲ့ပြီး ၅၈ ဦး သင်တန်းဆင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲက ပထမဆုံးအကြိမ်ပါဗျ။ သင်တန်းလေ့ကျင့်ရေး ကြမ်းတမ်းမှုကြောင့် ရဲဘော် ၂ ဦး ဆေးနားသွားရတယ်။ ကျနော်တို့လှုပ်ရှားတဲ့ စစ်ဒေသတွေမှာ မဟာဗျူဟာမြောက်တိုက်ပွဲတွေ ဖော်ဆောင်ဖို့ကို အဓိကထားလုပ်ဆောင်သွားမှာပါ " လို့ ကျောင်းသားလက်ရုံးတပ်တော် တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။


အခမ်းအနားမှာ သင်တန်းဆင်းရဲဘော်တွေက ချီတက်အလေးပြုပြီး ရက္ခိုင့်တပ်တော် - AA မှတာဝန်ရှိသူတွေက အမှာစကားပြောကြားခဲ့ကာ မဟာမိတ်တပ်အသီးသီးက အရာရှိ၊ အရာခံတွေ၊ အကြပ်စစ်သည် (တပ်ဖွဲ့ဝင်) တွေ၊ ကျောင်းသားလက်ရုံးတပ်တော်က တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 ကျောင်းသားလက်ရုံးတပ်တော်ဟာ အညာဒေသမှာ တိုက်ပွဲတွေဖော်ဆောင်နေပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်ကလည်း မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းကာ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြို့ဝရွာအနီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုမှာ စစ်သား ၁၅ ဦးကျော် သေဆုံးထားတာလည်း ဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #စစ်ကိုင်း #အညာဒေသ #SAF #ကျောင်းသားလက်ရုံးတပ်တော် #AA #အထူးတိုက်ခိုက်ရေး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10