အညာဒေသက PDF တွေရဲ့ တိုက်ပွဲကြားကျင်းပခဲ့ကြတဲ့ ဇူလိုင် ၁၉

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင်လ ၁၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ကို တိုက်ပွဲတွေကြားထဲကနေ မဖြစ်ဖြစ်အောင် ကျင်းပခဲ့ကြပါတယ်။

ကာကွယ်ရေးအဖွဲ့ တချို့က သူတို့နယ်မြေတဝိုက်မှာ တိုက်ပွဲတွေဖြစ်နေလို့ အာဇာနည်နေ့ကို မပါဝင်နိုင်ခဲ့ပါဘူး။ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်း ရှိနေခဲ့တာပါ။

တိုက်ပွဲမဖြစ်ပေမယ့် ဒီနေ့ အာဇာနည်နေ့မှာ စစ်အုပ်စုက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့်လည်း PDF ရဲဘော်တွေဟာ အာဇာနည်နေ့ကို မပါဝင်နိုင်ဘဲ ပြည်သူတွေ အာဇာနည်နေ့ ကျင်းပနိုင်ဖို့အတွက် ကင်းပုန်းဝပ် လုံခြုံရေးယူပေးနေရတာတွေ ရှိခဲ့ပါတယ်။

မြေလတ်အသံကနေ ရရှိထားတဲ့ ၇၆ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အညာဒေသက PDF အဖွဲ့တွေ ဘယ်လိုကျင်းပခဲ့တယ်ဆိုတာ စုစည်းတင်ပြလိုက်ပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #အညာ #PDF #အာဇာနည်နေ့ #ကျင်းပ #တိုက်ပွဲကြား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10