အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့သစ် တည်ထောင်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်လို့ဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ လွတ်မြောက်‌နယ်မြေတနေရာမှာ တပ်ဖွဲ့အသစ်တခုတည်ထောင်ခဲ့ပြီး တပ်ဖွဲ့ဝင်တွေကို ဇွန် ၄ ရက်မှာ လက်နက်တွေတပ်ဆင်ပေးခဲ့ကြပါတယ်။

အဲ့ဒီတပ်ဖွဲ့အသစ်နာမည်က အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ (Special Troop Of Anyar Revolution) ဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ ဖြစ်တယ်လို့ အတွင်းရေးမှူး ကိုဆာန်က ပြောပါတယ်။

အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ မှာ ရဲဘော်၊ ရဲမေတွေက လူဟောင်းတွေဖြစ်ကြပြီး လူသစ်ထပ်မံတိုးတာ အနည်းအကျဉ်းရှိပေမယ့်၂ ရာခိုင်နှုန်းထက် မကျော်ဘူးလို့ ကိုဆာန်က ပြောပါတယ်။

လက်ရှိ အညာဒေသမှာ စစ်ကောင်စီတပ်က အပြင်းအထန် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ဆိုသလို လုပ်နေပြီး တပ်သင်တန်းဆင်းပွဲတွေကို သတိကြီးကြီးနဲ့ အတိုချုံးပြီး လုပ်ဆောင်နေရတယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးက ၃ နှစ်ကျော် ကြာလာပြီဖြစ်သလို တပ်ဖွဲ့တိုင်းမှာလည်း စစ်စွမ်းရည်တွေလည်း အတော်အသင့်ပြည့်ဝလာပြီဖြစ်လို့ အခုလို အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့အဖြစ် တည်ထောင်ခဲ့ကြတာလို့ ပြောပါတယ်။

အညာတော်လှန်ရေးအစမှာ လက်လုပ်တူမီးသေနတ်တွေနဲ့ တိုပ်ပွဲဝင်လာကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေထဲမှာ အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့လည်း ပါဝင်ခဲ့ပါတယ်။ 

အခုတဖန် အဖွဲ့သစ် အမည်အသစ်နဲ့ ထွက်ပေါ်လာတဲ့အချိန်မှာလည်း ဘဏ္ဍာရေးအခက်အခဲတွေရှိနေတာကြောင့် လက်နက်ခဲယမ်းဝယ်ယူဖြည့်တင်းဖို့အတွက် အခက်အခဲတွေရှိနေပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #စစ်ရေးလှုပ်ရှားမှု #တပ်ဖွဲ့သစ်တည်ထောင် #အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့  #လက်နက်တပ်ဆင် #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10