အညာမှာ သတိထားရမယ့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု (ရုပ်/သံ)

အညာမှာ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုတွေကို ဇွန်လဆန်းကစလို့ နေ့စဉ်ဆက်တိုက် ပြုလုပ်လာနေပါတယ်။ တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်း၊ မကွေး အပါအဝင် အညာဒေသကို  စစ်ကောင်စီက  တော်လှန်ရေးအစပိုင်းလောက်မှာ မြေပြင် စစ်ဆင်ရေးကိုသာ အသုံးပြုခဲ့ပေမယ့် အခုနောက်ပိုင်း လေကြောင်းနဲ့ ဗုံးကြဲလာတာဟာ အညာကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်လို့  ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုကြပါတယ်။

အညာမှာ လေကြောင်းပစ်ခတ်မှုတွေ ဘာကြောင့် ပိုစိပ်လာနေတာလဲ။ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဘယ်လိုကာကွယ်မှုတွေ လုပ်နေပြီလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇၊ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးကို ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းနှင့် တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အညာ #စစ်ကိုင်း #မကွေး #လေကြောင်းတိုက်ခိုက်မှု #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10