သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (Bamar People's Liberation Army - BPLA) အနေနဲ့ အညာမှာ အခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်လို့ BPLA ရဲ့ တာဝန်ခံမောင်ဆောင်းခက သူ့ရဲ့ Facebook စာမျက်နှာမှာ အသိပေးရေးသားထားပါတယ်။
မနေ့က အောက်တိုဘာ ၂၇ရက် ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ အခုလိုရေးသား အသိပေးခဲ့တာဖြစ်ပါတယ်။
"ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။" လို့ ရေးသားထားတာတွေ့ရပါတယ်။
အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ဧပြီလမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေထဲမှာ အားကောင်းတဲ့အဖွဲ့တခုလည်း ဖြစ်ပါတယ်။
ကရင်ပြည်နယ်အခြေစိုက် BPLA တပ်ဖွဲ့ဟာ မြောက်ပိုင်းညီနောင်မဟာမိတ် ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာလည်း တပ်သားသစ်တွေခေါ်ယူနေတာတွေ့ရပါတယ်။
ဓာတ်ပုံ - BPLA
#မြေလတ်အသံ
#၁၀၂၇စစ်ဆင်ရေး #BPLA #အညာ
Share Share Share