အညာမှာ စစ်ကောင်စီကိုဆန့်ကျင်ကြောင်း တောင်သူတွေ ကောက်စိုက်ရင်းဆန္ဒပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းက အညာဒေသတခုမှာ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်းနဲ့ စစ်ကောင်စီ အာဏာသိမ်းမှုကိုတော့ ဆန့်ကျင်ကြောင်း တောင်သူတွေဟာ ကောက်စိုက်ရင်း ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြ တောင်သူတွေဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ လုပ်ရပ်တွေကို ကြိုဆိုထောက်ခံကြပြီး မတရားအာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မစစ်သားစုဆောင်းနေတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း သြဂုတ် ၂၃ ရက် မနက်ပိုင်းက ကောက်စိုက်ရင်း ဆန္ဒပြခဲ့တာလို့ ဆန္ဒပြဦးဆောင်သူ တောင်သူတဦးက ပြောပါတယ်။ 

ဒီဆန္ဒပြလူပ်ရှားမှုကို တောင်သူဦးရေ ၅၀ ဝန်းကျင်နဲ့ ပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီ လေကြောင်းရှိနေတဲ့အတွက် မိနစ် ၂၀ လောက်သာ အကျဉ်းချုံးပြီး ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

အဲဒီအရပ်က တောင်သူတွေဟာ စစ်ကောင်စီလေကြောင်းတွေ နေ့စဉ်လိုလို ရှိနေတဲ့အတွက် စိုးရိမ်နေကြရပြီး တောင်ယာလုပ်ငန်းတွေ ကောင်းကောင်း မလုပ်နိုင်ကြဘူးလို့လည်း တောင်သူတွေက ဆိုကြပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အညာ #စစ်ကောင်စီ #ဆန့်ကျင်ဆန္ဒပြ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10