MOD လက်အောက်ခံ မဟုတ်ပေမယ့် အညာမှာ MOD တပ်ရင်းတွေအပါ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ BPLA တာဝန်ခံမောင်ဆောင်းခပြော

MOD လက်အောက်ခံ မဟုတ်ပေမယ့် အညာမှာ MOD တပ်ရင်းတွေအပါ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ BPLA တာဝန်ခံမောင်ဆောင်းခပြော

BPLA တပ်ဖွဲ့က အညာမှာ အခြေစိုက်ပြီး စစ်ကောင်စီကို တော်လှန်တော့မယ်လို့ ၁၀၂၇ နှစ်ပတ်လည်နေ့မှာ အသ်ိပေးပြီးနောက် BPLA ဟာ MOD လက်အောက်ခံ မဟုတ်ပေမယ့် MOD တပ်ရင်းတွေနဲ့ အတူတကွပူးပေါင်းဆောက်ရွက်သွားမှာဖြစ်တယ်လို့ BPLA တာဝန်ခံ မောင်ဆောင်းခက ဒီနေ့မှာ ထပ်ပြီးအသိပေးထားပါတယ်။

အညာကိုအခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့ အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်လို့ မောင်ဆောင်းခက သူရဲ့Facebook စာမျက်နှာမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့အတူတွဲရိုက်ထားတဲ့ ဓါတ်ပုံနဲ့အတူ အသိပေးရေးသားခဲ့တာပါ။

"BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်းအထည်ဖော်သွားပါမယ်။ သေချာတာတခုကတော့ BPLA ဟာ NUG/MOD လက်အောက်ခံတပ်မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်။" လို့ မောင်ဆောင်းခက ရေးသားထားပါတယ်။

အာဏာသိမ်းပြီး ၂ လအကြာ ၂၀၂၁ ခုနှစ် ဧပြီလမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေထဲမှာ အားကောင်းတဲ့အဖွဲ့တခုလည်း ဖြစ်ပါတယ်။

ကရင်ပြည်နယ်အခြေစိုက် BPLA တပ်ဖွဲ့ဟာ မြောက်ပိုင်းညီနောင်မဟာမိတ် ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာလည်း တပ်သားသစ်တွေခေါ်ယူနေတာတွေ့ရပါတယ်။ 

ဓါတ်ပုံ - Maung Saungkha's Facebook

#မြေလတ်အသံ

#အညာ #MOD #LocalPDF #BPLA 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10