အတိုးနှုန်းမြင့် ချေးငွေသံသရာထဲက ပြည်သူ့ဘဝ ဘယ်လိုကုစားကြမလဲ" (ရုပ်/သံ)

မြန်မာနိုင်ငံရဲ့မြင့်မားတဲ့ အတိုးနှုန်းတွေကြားက ချေးငွေခေါင်းစဉ်အမျိုးမျိုးအောက်မှာ ပြည်သူလူထုအားလုံးရဲ့ စီးပွါးရေးတွေဟာ နလံမထူကြတော့ပါဘူး။ လယ်ယာအမတော်ချေးငွေလို့ခေါ်တဲ့ လယ်ယာစိုက်ပျိုးစရိတ်ချေးငွေကစလို့၊ မြစိမ်းရောင်ချေးငွေ၊ ကိုဗစ်ချေးငွေ၊ အသေးစားအလတ်စားစီးပွါးရေးလုပ်ငန်းများ SMEs ချေးငွေ၊ JICA နှစ်ဆင့်ခံချေးငွေ ၊ပုဂ္ဂလိကဘဏ်ချေးငွေ စတဲ့ခေါင်းစဉ်တွေအပြင် ရပ်ကွက် ကျေးရွာတွေအတွင်း ပုဂ္ဂလိကချေးငွေကုပ္မဏီများစွာရဲ့ ခေါင်းစဉ်မျိုးစုံသော ချေးငွေများအောက်မှာ မြင့်မားတဲ့ အတိုးနှုန်းတွေနဲ့ ချေးငွေထုတ်ပေးနေကြတာပါ။

 

ပြည်သူတွေမှာ အလုပ်အကိုင်နဲ့ဝင်ငွေနည်းပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ပြန်လည်ပေးဆပ်ချိန်များမှာ အခက်တွေ့ပြီး ထပ်ဆင့်အတိုးများနဲ့ အတိုးပေါ်အတိုးဆင့်ပြီး ပြည်သူလူထုရဲ့ စီးပွါးရေးဟာ အလွန်ထိခိုက်ကြဆင်းလာတာတွေ့နေရပါတယ်။ ဒီအခက်အခဲပြဿနာ‌တွေအပေါ် ဘယ်လိုကုစားကြမလဲ၊ပြည်သူလူထုအသံကဘာတွေဖြစ်မလဲစတဲ့ အကြောင်းတွေကို ဒီတပါတ်မြေလတ်ဒေသ "လူမှု၊ စီးပွါး" အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ) က သုံးသပ်တင်ဆက်ထားပါမယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10