အထက်တန်းကျောင်းသား ၄ ဦး ဆီဘောက်ဆာကားနဲ့တိုက်ခံရပြီး ဒဏ်ရာရ

အထက်တန်းကျောင်းသား ၄ ဦး ဆီဘောက်ဆာကားနဲ့တိုက်ခံရပြီး ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့တောင်ဘက်ခြမ်း၊ မြို့ဦးစေတီတံတားအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၉/၄ နဲ့ ၁၄၉/၅ အကြားမှာ ဆီဘောက်ဆာကားက အထက်တန်းကျောင်းသားတွေကို ဝင်တိုက်မိပြီး ၄ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၁ ရက် မနက် ၈ နာရီ ၂၀ ခန့်မှာ ကျောက်သလင်းကျေးရွာနေ ၉ တန်းတက်နေတဲ့ မောင်မြတ်ဘုန်းမောင်၊ မောင်မိုးပြည့်ဟိန်း၊ မောင်မြတ်စိုး၊ မဝေဝေလင်း တို့ဟာ စက်ဘီးနဲ့ အုတ်တွင်းမြို့ အထကကျောင်းကိုအလာမှာ နောက်ကနေ ဆီဘောက်ဆာကားက ဝင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ကားက သူ့အရှေ့ကယာဥ်ကိုကျော်တက်ရာမှာ အရှိန်များပြီး ကလေးတွေရှိတဲ့ဘက်ခြမ်းကို ရောက်သွားတာ။ ကလေးတွေကလမ်းဘေးကနေ စက်ဘီးနင်းလာကြတာ။ ကလေးတယောက်ဆို ဆီဘောက်ဆာအောက်ထဲဝင်သွားပြီး ပါသွားတာ"လို့ ဒေသခံတဦးကပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ကျောင်းသားကျောင်းသူ ၄ ဦးစလုံး ပေါင်ကျိုး၊ ခန္ဓာကိုယ်အရေးပြားပွန့်ပဲ့ ဒဏ်ရာရသူတွေနဲ့ ခြေလက်ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ကာ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ 

အုတ်တွင်းဆေးရုံကို ကနဦးပို့ဆောင်ထားရကာ အဲဒီကတဆင့် တောင်ငူဆေးရုံကို ထပ်မံရွှေ့ပြောင်းထားပြီး ယာဥ်မောင်း အာကာစိုးဝင်း ဆိုသူကိုတော့ ရဲက ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။

ဧပြီ ၂၄ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ဘုရားထီးတင်ပွဲက ပြန်လာတဲ့ Light Truck ကားတိမ်းမှောက်ပြီး ၁ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ဆီဘောက်ဆာကား #တိုက်ခိုက် #ကျောင်းသား #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10