အထက်မင်းလှက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၇၀ ကျော်ကို ၁ လအတွင်းနှုတ်ထွက်ဖို့  နောက်ဆုံးအကြိမ်သတိပေး

အထက်မင်းလှက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၇၀ ကျော်ကို ၁ လအတွင်းနှုတ်ထွက်ဖို့ နောက်ဆုံးအကြိမ်သတိပေး

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်မှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာပေါင်း ၇၆ ခုက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၇၆ ဦးကို ပြည်သူလူထုနဲ့ပူးပေါင်းကြဖို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Upper Minhla)က နောက်ဆုံးအကြိမ်အဖြစ် ဇွန်လ ၉ ရက် မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဇွန်လ ၉ ရက်နေ့ကနေ ဇူလိုင်လ ၉ ရက်နေ့အထိ ၁ လတာအတွင်း နှုတ်ထွက်ပြီးပြည်သူ့လူထုနဲ့ပူးပေါင်းလာရင် ပကဖအနေနဲ့ကြိုဆိုတယ်လို့ အထက်မင်းလှမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့တာဝန်ခံ ရန်ကြီးအောင် က မြေလတ်အသံကို ပြောပါတယ်။



"အရင်ကလည်း ၂ ကြိမ် ၊ ၃ ကြိမ် ကြေညာချက်ထုတ် သတိပေးခဲ့ဖူးတာမျိုးတွေရှိပါတယ်။ အများစုကမလိုက်နာဘဲ စစ်ကောင်စီလက်အောက်မှာ လုပ်ဆောင်မြဲရှိသေးတဲ့အတွက် နောက်ဆုံးအကြိမ်အဖြစ် အမည်တွေကိုပါတပ်ပြီး ‌ကြေညာလိုက်တာဖြစ်ပါတယ်" လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အခုသတိပေးထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်မှုမရှိဘဲ စစ်ကောင်စီအလိုကျ ဆက်လက်ဆောင်ရွက်နေကြဦးမယ်ဆိုရင်တော့  ၎င်းတို့ရဲ့ လုပ်ရပ်အပေါ်တွေမှာ မူတည်ပြီး အရေးယူဆောင်ရွက်မှုတွေကို နည်းလမ်းတကျ ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ ပကဖတာဝန်ခံ ရန်ကြီးအောင် က ဆက်ပြောပါတယ်။

အထက်မင်းလှ ပကဖ အနေနဲ့ သတိပေးထုတ်ပြန်ထားတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေရဲ့ ကိုယ်ရေးအချက်အလက်အားလုံးနဲ့ ဓာတ်ပုံတွေကိုပါ ရရှိထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။


အထက်မင်းလှမြို့နယ်မှာ အမှတ် ၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂ - မလွန်ရွာ)၊ ကပစ ၁၀(ကုန်း ကြီး)၊ ကပစ ၁၃ ( ပိတောက်ကန်)၊ အမှတ် ၉၄၉ စစ်လက်နက်ပစ္စည်းတပ်ခွဲ (မလွန်) ၊ အမှတ် ၇၃ သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( သစခ ၇၃) စတဲ့ တပ်ရင်းတွေအခြေစိုက်ထားသလို မင်းလှမြို့နယ်နဲ့ မင်းတုန်း၊ သရက်၊ ကံမ နယ်မြေအစပ်ဒေသတွေမှာလဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးထားတယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#သရက် #မင်းလှ #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #သတိပေး #Upper Minhla #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10