အထက်မင်းလှ၊ ရှမ်းတပ်ရဲစခန်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရဟုဆို

အထက်မင်းလှ၊ ရှမ်းတပ်ရဲစခန်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရဟုဆို

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်ရဲစခန်းမှာရှိတဲ့ မင်းလှ ကပစ က စစ်သားနဲ့ ရဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂ ဦးသေပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ MAGWAY PDF အဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက် ည ၇ နာရီမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၅ မိနစ်သာကြာမြင့်ခဲ့ပါတယ်။

“စခန်းသိမ်းဖို့ ရည်ရွယ်ချက်မရှိပေမယ့် ထိရောက်မှုရှိအောင် မီတာ ၁၀၀ ဝန်းကျင်က ပစ်ခဲ့တာ။ နောက်ဆက်တွဲ စုံစမ်းလို့ သိရတာက ၂ ယောက်က အပြင်ဆေးရုံတွေ မပို့ဘဲ ကြိတ်ကုတာ။ ၂ ယောက်သေသွားပြီးတော့ စခန်းထဲမှာရှိတဲ့ မိသားစုဝင် ၁ ယောက်အပြင် ကျန်တဲ့ ၄ ယောက်နဲ့ စုစုပေါင်း ၅ ယောက်ဒဏ်ရာရတယ်” လို့ MAGWAY PDF တာဝန်ခံ ကိုဗဟိန်းက ပြောပါတယ်။

ရှမ်းတပ်ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မင်းလှကပစက စစ်သားအင်အား ၂၀ ဝန်းကျင် တပ်စွဲထားတာဖြစ်တယ်လို့ သိရပါတယ်။ 

အဲ့ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ မင်းလှဘက်ကနေ စစ်ကား ၁၃ စီးနဲ့ အင်အား ၁၂၀ လောက် ရှမ်းတပ်နယ်မှာ စစ်ကြောင်း ၂ ကြောင်း ပတ်မွှေနေတယ်လို့ သိရပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို MAGWAY PDF နဲ့ Upper Minhla PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #အထက်မင်းလှမြို့  #ရှမ်းတပ်ရဲစခန်း #မင်းလှ #ကပစ #စစ်သား #ရဲတပ်ဖွဲ့ #ပြည်သူ့ ကာကွယ်ရေး #PDF #စစ်သား #MAGWAYPDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10