အထုပ်ဘေးချ လက်နက်ကြီးသံနားစွင့်နေရတဲ့ စစ်ရှောင်တို့ ဘဝ (ရုပ်သံဆောင်းပါး)

(မြေလတ်အသံသတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးအား ရုပ်သံဆောင်းပါးအဖြစ် ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်။)

လက်နက်ကြီးကျသံ ခပ်စိပ်စိပ်ကြားပြီဆိုတာနဲ့ မကြာခင် ရွာထဲကို စစ်ကြောင်းဝင်လာတော့ မယ်ဆိုတာ မနှင်းကြည်*တို့ ရွာသားတွေ သိနှင့်နေပြီး ဖြစ်ပါတယ်။ 

ဒါကြောင့် ရွာသားအားလုံးဟာ အသင့်ပြင်ထားတဲ့ သူတို့အထုပ်အပိုးတွေကိုဆွဲပြီး လွတ်ရာကျွတ်ရာကို အပြေးနှင်လေ့ ရှိကြပါတယ်။ မနှင်းကြည်တို့ရွာသားတွေ ဒီလိုပြေးနေရတာဟာ ခုဆို ၂ နှစ်ကျော်ကာလအတွင်း အကြိမ်ရေ ၆၀ လောက် ရှိနေပါပြီ။ 

ဒီအရေအတွက်ဟာ မနှင်းကြည်တို့ရွာကို စစ်ကောင်စီစစ်ကြောင်းက တလကို ၂ ကြိမ်ကျော်လောက် ဝင်ရောက်တဲ့ သဘောပါ။

ရန်ကုန်မှာ ကျောင်းဆရာမ လုပ်နေတဲ့ ၃၆ နှစ်အရွယ် မနှင်းကြည်ဟာ စစ်အာဏာသိမ်းတဲ့အခါ CDM လုပ်ပြီး ကောလင်းမြို့နယ်က မွေးရပ်ဇာတိကျေးရွာမှာ ၇၃ နှစ်အရွယ်ရှိ သူ့‌အ‌မေနဲ့အတူ ပြန်လည်နေထိုင်နေတာ ၃ နှစ်နီးပါး ရှိပါပြီ။

ဆောင်းပါး - ဆူးရွက်ဝါ၊ တည်းဖြတ် - HP

#မြေလတ်အသံ 

#ရုပ်သံဆောင်းပါး #စစ်ကိုင်း #ကောလင်း #စစ်ရှောင် #ထွက်ပြေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10