အထူးကွန်မန်ဒိုတွေရဲ့ တိုက်ခိုက်တာခံရလို့ ဆက်ကြေးကောက်နေတဲ့ ဒုရဲအုပ် ၁ ဦးနဲ့ ရဲတပ်ကြပ် ၂ ဦးသေဆုံး

အထူးကွန်မန်ဒိုတွေရဲ့ တိုက်ခိုက်တာခံရလို့ ဆက်ကြေးကောက်နေတဲ့ ဒုရဲအုပ် ၁ ဦးနဲ့ ရဲတပ်ကြပ် ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျအကျိုးအကန်းကုန်း၊ သီတဂူကျောင်းနဲ့ ရဲတပ်ရင်း ၂၈ အကြားမှာရှိတဲ့ ဆက်ကြေးကောက်တဲ့နေရာကို အောက်တိုဘာ ၃ ရက် မနက် ၆ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ တိုက်ခိုက်ခဲ့တယ်လို့ ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။

ရဲတွေဆက်ကြေးကောက်နေတဲ့နေရာကို အထူးကွန်မန်ဒို ၇ ဦးသုံးပြီး ၇ မိနစ်ခန့် တိုက်ခဲ့ရာမှာ ရဲ ၃ ဦးသေဆုံးပြီး ၂ ဦးကတော့ ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

"လမ်းဘက်ကိုထွက်ပြီး ဆက်ကြေးကောက်တဲ့ ကောင်တွေကို ကျနော်တို့က လမ်းခုလတ်မှာပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ နောက်ပြီးတော့ ကျနော်တို့ ဂန်း ၃ လက်ရခဲ့တယ်၊ ရဲ** ၃ ကောင်သေတယ်၊ အနီးကပ်တိုက်ခိုက်ခဲ့တာ၊ ၇ မီတာပဲဝေးတာ၊ တပွင့်ဗိုလ် ဒုရဲအုပ်နဲ့ ရဲတပ်ကြပ် ၂ ယောက်သေတာ" လို့ ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစု တာဝန်ခံက ပြောပါတယ်။

ဆက်လက်ပြီး တာဝန်ခံက "အင်အားကတော့ အတိအကျမသိရဘူး၊ တော်တော်လေးရှိတယ်၊ အခုဟာကလည်း ထွက်ပြေးတဲ့သူတွေရှိလို့ လက်နက်တွေများများစားစား မရခဲ့တာ"လို့ ဆက်ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်ကိုင်ဆောင်တဲ့ G 3 ၂ လက်၊ အူစီ ၁ လက် G 3 ကျည် ၁၀၂ တောင့်နဲ့ အူစီကျည် ၂၀ တောင့် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #အထူးကွန်မန်ဒို #စစ်ကောင်စီ #ရဲတပ်ဖွဲ့ #ဆပ်ကြေး #တိုက်ခိုက်ခံရ #ချိုမိုင်မိုင် #ယင်းမာပင်မြို့နယ် #စစ်ကိုင်းတိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10