အထူးကွန်မန်ဒိုသင်တန်းသွားမယ့် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၆ ဦးကို PDF ဖမ်းဆီး

အထူးကွန်မန်ဒိုသင်တန်းသွားမယ့် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၆ ဦးကို PDF ဖမ်းဆီး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ အထူးကွန်မန်ဒိုသင်တန်းသွားတက်မဲ့ အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ပျူစောထီး ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၁ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ်ပိုင်းမှာ မြင်းခြံမြို့နယ်၊ ပိုက်တဲကုန်းကျေးရွာကနေ နေပြည်တော်ဘက်ကို အိမ်စီးကားနဲ့ထွက်လာတဲ့ ပိုက်တဲကုန်းအုပ်ချုပ်ရေးမှူးအပါ ၉ ဦး လိုက်ပါလာတဲ့ ကားကိုစစ်ဆေးပြီးနောက် အထက်ပါ ၇ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

"ဒီရက်ပိုင်းအတွင်းမှာ နေပြည်တော်မှာ အထူးကွန်မန်ဒိုသင်တန်းတွေလုပ်ဖို့ရှိတယ်လို့ ကြားထားတော့ ပျူတွေဘက်က သွားလာနိုင်တယ်လို့ ယူဆလို့ လမ်းပေါ်ရှောင်တခင်တက်စစ်တာ သူတို့ကိုမိတာ။ ကားသမား ၂ ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်"လို့ မြင်းခြံခရိုင် တပ်ရင်း ၁၊ တပ်ရင်းမှူး ကိုဝမ်းတူးကပြောပါတယ်။

ဖမ်းဆီးရမိသူတွေဟာ အုပ်ချုပ်ရေးမှူး မိုးစန်း၊ ပျုစောထီးအဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၃၀ ကြားမှ ၄၀ ကြားရှိ ကျော်လှိုင်၊ သန်းကျော်၊ ဘိုဘို၊  သန်းလင်းနိုင်၊ မျိုးသန့်ဝင်း၊ မွှေးနီတို့ကို စာရွက်စာတမ်းအချို့၊ ဖုန်းတွေနဲ့အတူ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားသူတွေကိုတော့ ထိရောက်စွာအရေးယူဖို့အခြေအနေရှိနေပြီး အရေးယူမယ့်အခြေအနေအသေးစိတ်ကိုတော့ လတ်တလောပြောပြလို့ အဆင်မပြေသေးဘူးလို့ တပ်ရင်းမှူး ကိုဝမ်းတူးကပြောပါတယ်။

ဒီဖမ်းဆီးမှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၂တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း ၊ မလှိုင်ပကဖနဲ့ စွန်ရဲပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ပျူစောထီး #အုပ်ချုပ်ရေးမှူး #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10