အထူးတိုက်ခိုက်ရေးသင်တန်းမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင် ၂၂ ဦးကို ကိုယ်စီလက်နက်တပ်ဆင်ပေး

အထူးတိုက်ခိုက်ရေးသင်တန်းမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင် ၂၂ ဦးကို ကိုယ်စီလက်နက်တပ်ဆင်ပေး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက်လှုပ်ရှားနေတဲ့ Southern YSO PDF တပ်ဖွဲ့ရဲ့ အထူးတိုက်ခိုက်ရေးသင်တန်းမှာပါဝင်ခဲ့သူ သင်တန်းသားတပ်ဖွဲ့ဝင် ၂၂ ဦး ကို နိုဝင်ဘာ ၃၀ ရက်မှာ လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ တာဝန်ခံ ဗိုလ်အောင်မောင်းဆီက သိရပါတယ်။ 

စက်တင်ဘာလအတွင်းကစတင်ကာ CDM တပ်မတော်သားအရာရှိတွေဦးစီးတဲ့ တပ်ဖွဲ့တွင်းအထူးကွန်မန်ဒိုသင်တန်းကို ၂ လခွဲကြာ ဖွင့်လှစ်ခဲ့ကာ သင်တန်းဆင်းပြီးတဲ့နောက် လက်နက်တပ်ဆင်ပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။

“ ၂ လခွဲအတွင်းမှာ အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုအဆင့်ထိ ပြုလုပ်ပေးတယ်။ သင်တန်းသားက အသစ်တွေပါ၊ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲပြီးလာတက်တဲ့ ရဲဘော်တွေလည်းရှိတယ်။”  Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။

သင်တန်းးဆင်တပ်ဖွဲ့ဝင် ၂၂ ဦးကို သူတို့ရဲ့အရည်အချင်းတွေအလိုက် ကိုက်ညီမယ့် RPG ၊ စက်ကလေး (မောင်းပြန် စက်သေနတ်)၊ ပဒိန်လလ (၄၀ မမ ဗုံးသီးထည့်သွင်း ပစ်ခတ်သည့်သေနတ်)၊ M 16၊ MA 1၊ MA 3၊ MA 4 ( ၄၀ မမ ဗုံးပစ်လောင်ချာတွဲ) စတဲ့ မောင်းပြန်သေနတ်တွေကို တပ်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။  

“ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် တိုက်ပွဲဝင်ခဲ့တယ်။ ရရှိခဲ့တဲ့ လက်နက်အရေအတွက်ကလည်း များနေပါပြီ။ ဘယ်အဖွဲ့အစည်းကမှ ကျနော်တို့ကို ထောက်ပံ့ပေးတာမရှိဘူး၊ ပြည်သူလူထုအားနဲ့ပဲ သွားနေရတဲ့ အနေအထားပါ။ ပြည်သူလူထုကလည်း ပါဝင်ထောက်ပံ့ဝန်းရံတယ်။ ကျနော်တို့ကလည်း တော်လှန်ရေးမှာ စွမ်းစွမ်းတမံကြိုးစားခဲ့တယ်။ ရရှိခဲ့တဲ့ လက်နက်တွေနဲ့ပဲ ပြန်လည်တပ်ဆင်ပေးခဲ့တာ။” လို့ ဗိုလ်အောင်မောင်းက ပြောပါတယ်။

အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပေးတဲ့ အခမ်းအနားကို ယမန်နေ့ မနက် ၈ နာရီကစတင်ပြီး ၉ နာရီမှာ အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ရေစကြို #အထူးကွန်မန်ဒို #သင်တန်းဆင်း #လက်နက်တပ်ဆင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10