သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက်လှုပ်ရှားနေတဲ့ Southern YSO PDF တပ်ဖွဲ့ရဲ့ အထူးတိုက်ခိုက်ရေးသင်တန်းမှာပါဝင်ခဲ့သူ သင်တန်းသားတပ်ဖွဲ့ဝင် ၂၂ ဦး ကို နိုဝင်ဘာ ၃၀ ရက်မှာ လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ တာဝန်ခံ ဗိုလ်အောင်မောင်းဆီက သိရပါတယ်။
စက်တင်ဘာလအတွင်းကစတင်ကာ CDM တပ်မတော်သားအရာရှိတွေဦးစီးတဲ့ တပ်ဖွဲ့တွင်းအထူးကွန်မန်ဒိုသင်တန်းကို ၂ လခွဲကြာ ဖွင့်လှစ်ခဲ့ကာ သင်တန်းဆင်းပြီးတဲ့နောက် လက်နက်တပ်ဆင်ပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။
“ ၂ လခွဲအတွင်းမှာ အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုအဆင့်ထိ ပြုလုပ်ပေးတယ်။ သင်တန်းသားက အသစ်တွေပါ၊ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲပြီးလာတက်တဲ့ ရဲဘော်တွေလည်းရှိတယ်။” Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။
သင်တန်းးဆင်တပ်ဖွဲ့ဝင် ၂၂ ဦးကို သူတို့ရဲ့အရည်အချင်းတွေအလိုက် ကိုက်ညီမယ့် RPG ၊ စက်ကလေး (မောင်းပြန် စက်သေနတ်)၊ ပဒိန်လလ (၄၀ မမ ဗုံးသီးထည့်သွင်း ပစ်ခတ်သည့်သေနတ်)၊ M 16၊ MA 1၊ MA 3၊ MA 4 ( ၄၀ မမ ဗုံးပစ်လောင်ချာတွဲ) စတဲ့ မောင်းပြန်သေနတ်တွေကို တပ်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။
“ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် တိုက်ပွဲဝင်ခဲ့တယ်။ ရရှိခဲ့တဲ့ လက်နက်အရေအတွက်ကလည်း များနေပါပြီ။ ဘယ်အဖွဲ့အစည်းကမှ ကျနော်တို့ကို ထောက်ပံ့ပေးတာမရှိဘူး၊ ပြည်သူလူထုအားနဲ့ပဲ သွားနေရတဲ့ အနေအထားပါ။ ပြည်သူလူထုကလည်း ပါဝင်ထောက်ပံ့ဝန်းရံတယ်။ ကျနော်တို့ကလည်း တော်လှန်ရေးမှာ စွမ်းစွမ်းတမံကြိုးစားခဲ့တယ်။ ရရှိခဲ့တဲ့ လက်နက်တွေနဲ့ပဲ ပြန်လည်တပ်ဆင်ပေးခဲ့တာ။” လို့ ဗိုလ်အောင်မောင်းက ပြောပါတယ်။
အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပေးတဲ့ အခမ်းအနားကို ယမန်နေ့ မနက် ၈ နာရီကစတင်ပြီး ၉ နာရီမှာ အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ၊ တည်းဖြတ် - HP
#မြေလတ်အသံ
#ရေစကြို #အထူးကွန်မန်ဒို #သင်တန်းဆင်း #လက်နက်တပ်ဆင်
Share Share Share