အဓမ္မဖမ်းဆီးခံရပြီး စစ်သင်တန်းတက်ခဲ့ရတဲ့ စစ်သားတဦး လက်ပစ်ဗုံးယူပြီး အလင်းဝင်လာ

အဓမ္မဖမ်းဆီးခံရပြီး စစ်သင်တန်းတက်ခဲ့ရတဲ့ စစ်သားတဦး လက်ပစ်ဗုံးယူပြီး အလင်းဝင်လာ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်သင်တန်းဆင်းပြီး ရှမ်းပြည်ဘက်ကိုတာဝန်ချခံထားရတဲ့ စစ်သားတဦး ဩဂုတ် ၂၇ ရက် မနေ့ကအလင်းဝင်လာတယ်လို့ တောင်သူဦးကြီးများအဖွဲ့ - LDF ဆီက သိရပါတယ်။

 အလင်းဝင်လာတဲ့ အသက် ၂၉ နှစ်အရွယ် တပ်သားမောင်ဖြူဟာ အခုနှစ်မေလဆန်းပိုင်းမှာ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးမှုကိုခံခဲ့ရပြီး စစ်သင်တန်း ၃ လတက်ပြီးနောက်မှာ ထွက်ပြေးပြီး အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

သူက သင်တန်းဆင်းကာလကလည်း အလင်းဝင်ဖို့ ကြိုးစားတယ်၊ အခက်အခဲအမျိုးမျိုးကြောင့် ဒီဘက်ကို အလင်းမဝင်နိုင်ခဲ့ဘူး။ အခုက ၃ လသင်တန်းပြီးလို့ ရှမ်းပြည်ဘက်ကို တာဝန်ချထားတဲ့အချိန်မှာ သူထွက်ပြေးလွှတ်မြောက်လာပြီးတော့ အလင်းဝင်လာတာပါ” လို့ တောင်သူဦးကြီးများအဖွဲ့ - LDF အဖွဲ့တာဝန်ခံ အမျိုးသမီးတဦးက ပြောပါတယ်။

သူနဲ့အတူ လက်ပစ်ဗုံး ၁ လုံး၊ 5.56 ကျည် ၇၉ တောင့် ပါဝင်လာပြီး လက်ရှိမှာ သူနဲ့သူမိသားစုကိုပါ တပ်ဖွဲ့ဝင်တွေက စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

အခုလိုအဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းသင်တန်းတက်ရသူတွေအနေနဲ့လည်း ကိုယ်နဲ့နီးစပ်ရာ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ချိတ်ဆက်ပြီးအလင်းဝင်လာဖို့ကိုလည်း အထက်ပါတာဝန်ခံအမျိုးသမီးက တိုက်တွန်းထား ပါတယ်။

တောင်သူဦးကြီးများအဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အခြေစိုက် တပ်ဖွဲ့တခုဖြစ်ပြီး အခုအလင်းဝင်လာတဲ့ တပ်သားမောင်ဖြူဟာ ပထမဆုံးအလင်းဝင်လာသူဖြစ်တယ်လို့လည်း သိရပါတယ်။

 စာတည်း - လင်း

 

#မြေလတ်အသံ

#မန္တလေး #ပြင်ဦးလွင် #အလင်းဝင် #အဓမ္မဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10