သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းမှာ စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ် ၃ မှာပါဝင်ခဲ့တဲ့ သင်တန်းသားရဲဘော်တွေထဲက ၆၅ ဦးကို အောက်တိုဘာ ၉ ရက်မှာ လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။
စုစုပေါင်းသင်တန်းသား ၁၈၂ ဦးတက်ရောက်ခဲ့ကြတဲ့ အပတ်စဥ် ၃ စုဖွဲ့လေ့ကျင့်မှုသင်တန်းကို ဇူလိုင် ၁၅ ရက်ကနေ စက်တင်ဘာ ၁၅ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲက ရဲဘော်တွေကို လက်နက်တပ်ဆင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ 
“သင်တန်းတက်စဥ်က သင်တန်းသား ၁၈၂ ဦးတက်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေတွေကြောင့် ရဲဘော် ၂ ဦး မတက်ရောက်နိုင်ဘဲ ရဲဘော် ၁၈၀ ဦးသာကျန်ရှိပြီး သူတို့ထဲက ၆၅ ဦးကို လက်နက် တပ်ဆင်ပေးခဲ့တာ”လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
MA 1၊ MA 2၊ MA 3၊ MA 4၊ ၆၀ မမ၊ ၈၀ မမ၊ စက်လတ်၊ ရိုင်ဖယ်တို့ကို တပ်ဆင်ပေးခဲ့တာပါ။

ငွေကြေးအခက်အခဲကြောင့် သင်တန်းသားအားလုံးကို လက်နက်မတပ်ဆင်ပေးနိုင်ခဲ့ဘဲ မြိုင်ပကဖနဲ့ ပေါက်ပကဖ ရဲဘော်တွေကလွဲပြီး လက်နက်မရှိတဲ့ရဲဘော်တွေကို မြို့နယ်အလိုက်ဖြန့်ပြီး လက်နက် တပ်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။
မြိုင်ပကဖ၊ ပေါက်ပကဖ နဲ့ ကမ္မတပ်ပေါင်းစုတို့က လက်နက်တပ်ဆင်ပေးတာဖြစ်ပြီး ပြည်သူတွေထောက်ပံ့လှူဒါန်းထားတဲ့ငွေနဲ့ ဝယ်ထားတဲ့လက်နက်တွေပါသလို ငွေတိုးချေးပြီး ဝယ်တဲ့လက်နက်တွေလည်းပါဝင်တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သင်တန်းတက်တဲ့ရဲဘော်တွေဟာ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပေါက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ကမ္မတပ်ပေါင်းစု၊ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ဆိပ်ဖြူ၊ မင်းဘူး၊ စလင်း၊ မင်းတုန်းမြို့နယ်တွေက ကာကွယ်ရေးရဲဘော်တွေပါဝင်တယ်လို့ သိရပါတယ်။




စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ပခုက္ကူခရိုင် #ကာကွယ်ရေးရဲဘော် #လက်နက်တပ်ဆင်
Share Share Share