"အဖေ ခေါင်းဖြတ်(ပြတ်)တယ်လို့ ကြားကတည်းက အဖေ့ဆီကို သွားချင်စိတ်ကို မရှိတော့တာ" (အင်တာဗျူး)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာက အရပ်သားပြည်သူ ၆ ဦးကို စစ်ကောင်စီက အောက်တိုဘာ ၁၅ ရက်မှာ ဖမ်းဆီးပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အပိုင်းပိုင်းဖြတ်တောက် သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ အသက် ၇၀ ကျော်အရွယ် စီပါရွာသား ဦးတင်လှိုင်လည်း ခေါင်းဖြတ် အသတ်ခံခဲ့ရပါတယ်။ 

ဦးတင်လှိုင်က စီပါရွာထဲ စစ်ကောင်စီစစ်ကြောင်းအခြေအနေကို နားစွင့်ဖို့အတွက် ကျေးရွာနားကိုပြန်လာချိန် ရွာဘုန်းကြီးကျောင်းမှာ ကြိုတင်ရောက်ရှိနေတဲ့ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံခဲ့ရတာပါ။

ဦးတင်လှိုင်က အသက် ၇၀ ကျော် ရှိနေပြီဖြစ်သလို တောင်ဝှေးကိုအားကိုးပြီး သွားလာနေရတဲ့အတွက် လွှတ်ပေးဖို့ ကျောင်းထိုင်ဘုန်းကြီးက မေတ္တာရပ်ခံခဲ့ပေမယ့် စစ်သားတွေက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ စီပါရွာကနေ ထွက်ခွာသွားပြီးနောက် ရွာသားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးဝင်ချိန်မှာတော့ ရွာအလယ်ပိုင်းက အိမ်ခြံစည်းရိုးပေါ်မှာ ဦးတင်လှိုင်ရဲ့ ဦးခေါင်းကို တင်ထားလျက် အနေအထားနဲ့ ပြန်တွေ့ခဲ့ရပါတယ်။

ဦးတင်လှိုင် ဘယ်လိုသတ်ဖြတ်ခံခဲ့ရလဲ၊ ကျန်ရစ်သူမိသားစုတွေ ဘယ်လိုခံစားနေရလဲ၊ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် မိသားစုတွေက ဘယ်လိုခံစားချက်ရှိနေမလဲဆိုတာနဲ့ ပတ်သက်ပြီး ဦးတင်လှိုင်ရဲ့ သမီးဖြစ်သူကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အင်တာဗျူး #စီပါရွာ #ဘုတလင် #အရပ်သား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10