အဖော်တွေနဲ့ ရေဆင်းကူးရာက လူငယ် ၂ ဦး ရေနစ်သေဆုံး

အဖော်တွေနဲ့ ရေဆင်းကူးရာက လူငယ် ၂ ဦး ရေနစ်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ၊ ရှင်ဖြူရှင်လဘုရားရေဆိပ်နားမှာ အဖော်တွေနဲ့ ရေဆင်းကူးရာက လူငယ် ၂ ဦးရေနစ်သေဆုံးသွားတယ်လို့ သိရပါတယ်။

မေလ ၂၈ ရက် နေ့လည် ၁ နာရီကျော်ခန့်မှာ စစ်ကိုင်းမြို့၊ မီးရထားရပ်နေ လူငယ် ၈ ဦးခန့်ဟာ ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာက လူငယ် ၂ ဦး ရေနစ်သေဆုံးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

"ရေသွားကူးကြတာက သူတို့အရွယ်တူလေးတွေ ၇ ယောက် ၈ ယောက်လောက်ရှိမယ်။ ခု ကလေး ၂ ယောက်ကလဲ ရေမကူးတတ်ဘဲနဲ့ ဆင်းဆော့ရာကနေရေနစ်သွားတာ။ ရေကလဲ မြစ်ထဲဆိုတော့ နက်တယ်လေ"လို့ ပြောပါတယ်။

သေဆုံးသွားသူ ၂ ဦးဟာ မောင်ဟိန်းထက်ဇော် ၁၄ နှစ်နဲ့ မောင်ထက်ဝေလင်း  ၁၇ နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။

ကလေး ၂ ဦးရေနစ်ရာကို ဒေသလူမှုကူညီရေးအသင်း၊ မီးသတ်နဲ့ဒေသခံတွေက ဝိုင်းဝန်းရှာဖွေခဲ့ကြပြီး ရေနစ်အပြီး နာရီဝက်ကျော်အကြာမှာ အလောင်း ၂ လောင်းကိုရေနစ်တဲ့ နေရာဝန်းကျင်နားမှာ ပြန်ရှာတွေ့ခဲ့တာလို့ ဆိုပါတယ်။

ရေနစ်သေဆုံးသွားတဲ့ လူငယ် ၂ ဦးရဲ့အလောင်းကို စစ်ကိုင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး မေလ ၂၉ ရက် ယနေ့မနက် ၁၀ နာရီမှာ မီးသင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဧပြီ ၂၉ ရက်နေ့က စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားအောက်၊ ဧရာဝတီမြစ်အတွင်းရေးဆင်းကူးသူ အမျိုးသား ၁ ဦးရေနစ်သေဆုံးသွားသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ မတ်လ ၅ ရက်နေ့က စစ်ကိုင်းတံတားအောက် ဧရာဝတီမြစ်အတွင်းမှာ စစ်ကိုင်းမြို့၊ ဝါဆိုကျောင်းက ကိုရင် ၃ ပါး ရေဆင်းကူးချိန် အသက် ၁၂ နှစ်အရွယ် ကိုရင် ၁ ပါးရေနစ်သေဆုံးခဲ့ပါသေးတယ်။

 

စာတည်း - 007

#မြေလတ်အသံ

#စစ်ကိုင်း #ဧရာဝတီ #ရေနစ်သေဆုံးမှု #လူမှုကယ်ဆယ်ရေးအဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10