အမည်ခံ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီ အနားပေး

အမည်ခံ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီ အနားပေး

ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူကို လက်ရှိရာထူးu အနားပေးလိုက်တယ်လို့ ဧပြီလ ၂၂ ရက် မနေ့ညပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးမခံရဘဲ ဒု-သမ္မတအဖြစ် ဆက်ရှိနေတဲ့ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီက အာဏာသိမ်း ၃ နှစ်ကျော်လာချိန်မှာတော့ ကျန်းမာရေးအရဆိုကာ အနားပေးခဲ့တာ ဖြစ်ပါတယ်။

ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် အရပ်သားအစိုးရရဲ့ ဒု-သမ္မတ ၂ ဖြစ်လာသူဖြစ်ကာ သူဟာ စစ်ကောင်စီတပ်မှာ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာစစ်တပ်က သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးပြီး ဒု-သမ္မတ ၁ ဦးမြင့်ဆွေကို ယာယီသမ္မတတင်မြှောက်ကာ အာဏာသိမ်းခဲ့ပေမယ့် ဦးဟင်နရီဗန်ထီးယူကို ဖမ်းဆီးတာမျိုး မလုပ်ဆောင်ခဲ့ဘဲ ဒုသမ္မတအဖြစ်နဲ့ ဆက်လက်ထားရှိခဲ့တာပါ။

အာဏာသိမ်းပြီးနောက်၂ နှစ်ကျော်အကြာ လူမြင်ကွင်းကနေပျောက်ကွယ်နေခဲ့ပေမယ့်  ၂၀၂၃ ဇူလိုင် ၃၁ ရက် စစ်ကောင်စီသက်တမ်းတိုးဖို့ခေါ်ယူတဲ့ ကာလုံ(အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ)အစည်းအဝေးမှာ  ဦးဟင်နရီဗန်ထီးယူ ပြန်လည်တက်ရောက်ခဲ့ပြီး အဲ့ဒီလိုတက်ရောက်ခဲ့လို့ NLD ပါတီက သြဂုတ်လ ၈ ရက်မှာ ပါတီကထုတ်ပယ်ကြောင်းကြောငြာခဲ့ပါတယ်။

ပုံစာ - ၂၀၂၃ ဇူလိုင်လ ၃၁ ရက်နေ့မှာ ပြုလုပ်တဲ့ ကာလုံအစည်းအဝေးကို ဦးဟင်နရီဗန်ထီးယူ တက်ရောက်စဉ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10