အမရပူရမြို့နယ် စစ်ကောင်စီလဝကရုံး ဗုံးပစ်ခံရလို့ ဝန်ထမ်း ၃ ဦး ဒဏ်ရာရ

အမရပူရမြို့နယ် စစ်ကောင်စီလဝကရုံး ဗုံးပစ်ခံရလို့ ဝန်ထမ်း ၃ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံး မေလ ၅ ရက် မနေ့ညနေ ၆ နာရီလောက်မှာ ဗုံးပစ်ခံရပြီး ဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါ တယ်။

မှန်တန်းရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလဝကရုံးကို ဆိုင်ကယ်စီးလာသူတွေက ဗုံးနဲ့ပစ်ပေါက်ခဲ့လို့ ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ရုံးဆင်းဖို့လုပ်နေတဲ့ စစ်ကောင်စီလက်အောက်ဝန်ထမ်းတွေ ထိခိုက်ခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။


"မနေ့ညနေပိုင်း လဝကရုံး ဗုံးပစ်ခံရတာကဟုတ်တယ်။ အမျိုးသမီးဝန်ထမ်း ၃ ဦးကတော့ ဗုံးစထိမှန် ဒဏ်ရာရသွားတာရှိတယ်"လို့ ပြောပါတယ်။

ဒါ့အပြင် ဗုံးပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦနဲ့ ရုံးဝန်းအတွင်းရပ်ထားတဲ့ ကား ၁ စီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရသွားတဲ့ အမျိုးသမီးဝန်ထမ်း ၃ ဦးကိုတော့ ဒေသလူမှုကူညီရေးအသင်းက မန္တလေးဆေးရုံကြီးကို ပို့ဆောင်ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

ဗုံးပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ထားတာ မရှိသေးဘဲ ဗုံးပေါက်ကွဲပြီးချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ လဝကရုံးကိုရောက်ရှိလာပြီး စစ်ဆေးခဲ့သလို မြို့တွင်းနေရာတချို့မှာလည်း လမ်းပိတ်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁ ရက်နေ့ မနက်ပိုင်းကလည်း အမရပူရမြို့မရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10