အမျိုးသမီးငယ်တဦးကို ဖမ်းဆီးကာ စစ်တပ်ကုန်းထဲ ခေါ်သွားပြီးနောက် သတင်းအစန ပျောက်နေ

အမျိုးသမီးငယ်တဦးကို ဖမ်းဆီးကာ စစ်တပ်ကုန်းထဲ ခေါ်သွားပြီးနောက် သတင်းအစန ပျောက်နေ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့အထွက် အင်းတော်-ဗန်းမောက်ကားလမ်းပေါ်က နွားပွဲဈေးရုံအနီးမှာ စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့နဲ့တွေ့ကာ အမျိုးသမီးငယ်တဦး ဖမ်းဆီးခံခဲ့ရပြီး ခုချိန်ထိ သတင်းအစအန မရသေးဘူးလို့ သိရပါတယ်။

ဇန်နဝါရီလ ၂၉ ရက်မနက် ၁၁နာရီလောက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ အဖမ်းခံရပြီးနောက် အင်းတော်စစ်တပ်ကုန်းထဲကို ဖမ်းခေါ်သွားခဲ့ကာ ခုချိန်ထိ မိသားစုနဲ့အဆက်သွယ်မရတဲ့အပြင် သတင်းလည်း စုံစမ်းလို့မရ ဖြစ်နေတယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“စစ်တပ်ကုန်းဘက်ကို ဖမ်းခေါ်သွားတာ။ စစ်တပ်ကုန်းမှာက စစ်သားတွေပဲ ရှိတာ၊ ရဲတွေလည်း မရှိဘူး၊ ရဲမေတွေလည်း မရှိဘူး။ အဲ့တာကြောင့် မိသားစုတွေက ပိုစိုးရိမ်နေကြတာ၊ ဒလန်တိုင်လို့ ထင်တယ်။ ရှောင်တခင် ဝင်ဖမ်းတဲ့ပုံစံ၊ ပုံမှန်အဲ့လမ်းက စစ်နေကျ မဟုတ်ဘူး" လို့ ပြောပါတယ်။

အဖမ်းခံရသူ မနွေနွေကို အသက် ၂၅ နှစ်ဟာ အရင်က လေ့ကျင့်ရေးသင်တန်းတက်ဖူးပေမယ့်၊ ခုချိန်မှာတော့ မိသားစုနဲ့အတူ အလှပြင်ဆိုင်ဖွင့်ကာ နေထိုင်နေတာဖြစ်ပြီး၊ အဲ့ဒီနေ့ကလည်း အင်းတော်မြို့ထဲကို အလှပြင်ပစ္စည်းဝယ်ဖို့သွားချိန် လမ်းတဝက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ကုန်းဟာ ဒုတိယကမ္ဘာစစ်တုန်းက ကျန်ရှိခဲ့တဲ့ မြေအောက်ဂျပန် စစ်ဆေးရုံဟောင်း တည်ရှိရာနေရာမှာ လုပ်ထားတာဖြစ်ပြီး လူအသွားလာနည်းတဲ့အတွက် အဲ့ဒီဘက်က အခြေနေတွေဆိုရင် သိရဖို့ ခက်ခဲနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အင်းတော်မှာ မကြာခဏဆိုသလို ဖမ်းဆီးခံရတဲ့ ပြည်သူတွေရှိနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်ကလည်း သစ်ဆုံစားသောက်ဆိုင်ပိုင်ရှင် လင်မယားကို PDFနဲ့ ဆက်နွယ်တယ်ဆိုပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10