အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ခွန်အားဖြည့်မိငယ်သီချင်း သီဆိုရင်း သပိတ်စစ်ကြောင်းထွက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတရွာမှာ တော်လှန်ရေးမှာပါဝင်နေတဲ့အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သပိတ်စစ်ကြောင်းထွက်ခဲ့တယ်လို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်း အဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ဇွန် ၁၅ ရက် ဒီကနေ့ မနက်ပိုင်းက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ခွန်အားဖြည့်မိငယ်သီချင်းသီဆိုခဲ့တဲ့အပြင် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”ဆိုတဲ့ ဘန်နာကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

သပိတ်စစ်ကြောင်း ၈၁၇ ရက်မြောက်အဖြစ် ထွက်ရှိခဲ့ကြတာဖြစ်ပြီး မြေပြင်မှာ စစ်ကြောင်းတွေထိုးနေတဲ့အတွက် သပိတ်ကိုတော့ အချိန်အကြာကြီး မကျင်းပနိုင်ခဲ့ဘူးလို့ သိရပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ယင်းမာပင် #ဆားလင်းကြီး #ရွာပေါင်းစုံသပိတ်စစ်ကြောင်း #အမျိုးသမီး #ဂုဏ်ပြုသီဆို #ခွန်အားဖြည့်မိငယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10