အမျိုးသမီးနဲ့ UG တွေအတွက် အမရအစစ်သည်တော်အဖွဲ့က ပစ္စတိုအသေးထပ်မံထုတ်လုပ် (ရုပ်/သံ)

အမျိုးသမီးတွေနဲ့ မြို့ပြပြောက်ကျားအဖွဲ့ (UG) တွေအတွက်ရည်ရွယ်ပြီး ၃၂၀ ပစ္စတိုသေနတ်အသေးကို အမရစစ်သည်တော်အဖွဲ့က ထုတ်လုပ်နိုင်ခဲ့ပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေ ထုတ်လုပ်ပြီးထောက်ပံ့နေတဲ့ အမရစစ်သည်တော်အဖွဲ့က ထပ်မံ ထုတ်လုပ်အောင်မြင်ခဲ့တာဖြစ်ပြီး လက်တဝါးစာအရွယ်အစားပဲရှိပါတယ်။ 

အမျိုးသမီးရဲဘော်တွေအနေနဲ့ အိတ်ဆောင်အဖြစ်ထားဖို့နဲ့ လွယ်လွယ်ကူကူပစ်ခတ်နိုင်ဖို့ ဒီသေနတ်ကို ထုတ်လုပ်ခဲ့တာလို့ အဲဒီတပ်ဖွဲ့ခေါင်းဆောင် ကိုမိုးလွင်က ပြောပါတယ်။

မြို့ပြပြောက်ကျားရဲဘော်တွေဟာ မြို့ထဲသွားလာချိန်မှာ လက်နက်အကြီးတွေကို ယူသွားလို့မရတာကြောင့် လက်ဖဝါးတခုသာစာရှိတဲ့ လက်နက်ငယ်ကို ထုတ်လုပ်ခဲ့တာလို့ဆိုပါတယ်။

ဒီသေနတ်ဟာ အလေးချိန် ၄၀ သားလောက်သာရှိပြီး ကျည်ညပ်တာနဲ့ ကျည်မပေါက်တဲ့ပြသနာတွေကိုပါ ရှင်းလင်းထားနိုင်ပြီဖြစ်တဲ့အတွက် အဆင်ပြေပြေ အသုံးပြုနိုင်တယ်လို့ ကိုမိုးလွင်က ပြောပါတယ်။

သေနတ်ထုတ်လုပ်မှုတန်ဖိုး ၇ သိန်းဝန်းကျင်ကုန်ကျပြီး ထုတ်လုပ်စဥ် စမ်းသပ်ခဲ့တဲ့ကျည်ဖိုးကတော့ ၂ သိန်းနီးပါးကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ 

အခုထုတ်လိုက်တဲ့ လက်နက်ရဲ့အရှေ့မှာ  ၉ မမ လက်လုပ်ပစ္စတိုသေနတ်ကိုလည်း အမရစစ်သည်တော်အဖွဲ့က ထုတ်လုပ်ထားပါသေးတယ်။

ကုန်ကျစရိတ်အခြေအနေကြောင့် လက်နက်အရေအတွက်ကို ကန့်သတ်ထုတ်လုပ်နေရပြီး အရင်ကလို အဖွဲ့စုံကိုပေးတာထက် စိစစ်ပြီးတော့မှသာ ဝေမျှပေးတော့မယ်လို့ ပြောပါတယ်။

အမရစစ်သည်တော်အဖွဲ့ဟာ မန္တလေးမြို့က တပ်ဖွဲ့တခုဖြစ်ပြီး လက်နက်နဲ့ လက်နက်ကြီးထုတ်လုပ်တာတွေကို အဓိကပြုလုပ်ကာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းက တပ်ဖွဲ့တွေကို လက်နက်အကူအညီပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

သတင်း - N ၊ တည်းဖြတ် - ဈာန်မြင့်

#မြေလတ်အသံ

#အမရစစ်သည်တော် #လက်နက်ထုတ်လုပ် #ပစ္စတိုသေနတ် #သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10