အမျိုးသားရေးတက်ကြွလှုပ်ရှားနေတဲ့ စစ်တပ်ထောက်ခံသူအမျိုးသမီး သေနတ်နဲ့ ပစ်သတ်ခံရ

အမျိုးသားရေးတက်ကြွလှုပ်ရှားနေတဲ့ စစ်တပ်ထောက်ခံသူအမျိုးသမီး သေနတ်နဲ့ ပစ်သတ်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားနေတဲ့ စစ်တပ်ထောက်ခံသူအမျိုးသမီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူဟာ အသက် ၄၅ နှစ်အရွယ် မရီရီလွင်ဖြစ်ပြီး ဇူလိုင် ၁၆ ရက် နေ့လယ် ၂ နာရီကျော်မှာ မိဘတွေရဲ့နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"သိရသလောက်က လာတဲ့သေနတ်သမားတွေက များတယ်။ သူ့ကိုပဲရွေးပစ်ပြီး ထွက်သွားတာ။ သူ့မိဘမောင်နှမတွေကိုတော့ ဘာမှမလုပ်သွားဘူး"လို့ ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ မရီရီလွင်မှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ နေရာမှာတင်သေဆုံးခဲ့ပြီး ဘယ်လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။

မရီရီလွင်ဟာ နေပြည်တော်၊ ပျဥ်းမနားမြို့မှာနေထိုင်သူတဦးဖြစ်ပြီး ရွာတော်ရွာကို တခါတရံမှ ပြန်လာတတ်သူဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်တပ်ထောက်ခံ နေပြည်တော်အမျိုးသားရေးလှုပ်ရှားမှုအဖွဲ့ကလည်း သူတို့ရဲ့အဖွဲ့ဝင် တက်ကြွလှုပ်ရှားသူအမျိုးသမီးတဦး မိဘတွေဆီပြန်ချိန်မှာ PDF အဖွဲ့တွေရဲ့ ပစ်သတ်တာကိုခံလိုက်ရတယ်လို့ တယ်လီဂရမ်ချန်နယ်မှာ ရေးသားဖော်ပြထားပါတယ်။ 

ဧပြီ ၁၇ ရက်ကလည်း နတ်မောက်မြို့နယ်၊ ဖုတ်ကုန်းကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ဦးခင်မောင်အေး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #နတ်မောက် #စစ်ကောင်စီထောက်ခံ #အမျိုးသမီး #ပစ်ခတ်ခံရ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10