သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆိပ်ဖြူမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ မျက်လုံးတဖက်မမြင်ရ ဒဏ်ရာတွေရှိတဲ့ အမျိုးသားတဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဖမ်းခံရသူမှာ ပေါက်မြို့နယ်၊ ဝန်လဲကျေးရွာက မျိုးချစ်အောင် ၂၉ နှစ်ဖြစ်ပြီး၊ မင်းဘူးမြို့ကို ညာဖက်မျက်လုံးဒဏ်ရာကို ဆေးကုသဖို့ သွားချိန် ဇူလိုင် ၁၀ရက်မှာ ဖမ်းခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
"သူကရွာကနေ မင်းဘူးကို မျက်စိသွားကုဖို့ထွက်လာတာ။ ဘုန်းကြီးကား(Mark II) တစီးနဲ့ လမ်းကြုံလိုက်လာတာကို စကစတွေက ဖမ်းလိုက်တာ" လို့ ဆိပ်ဖြူမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
မျိုးချစ်အောင်ကို ဖမ်းဆီးပြီးနောက် လမ်းကြုံစီးလာတဲ့ကားကို ပြန်လွှတ်ကာ သူ့ကိုတော့ စစ်ကောင်စီတပ်သားတွေက မြို့ပေါ်တပ်ရင်းတခုကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဆက်ပြောပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီထောက်ခံ တယ်လီဂရမ်စာမျက်နှာတွေမှာတော့ Mark II ယာဉ် တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ မျိုးချစ်အောင်မှာ PDF အဖွဲ့ဝင် ၁ ဦးဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#မကွေးတိုင်း #ဆိပ်ဖြူ #စစ်ကောင်စီ #ဖမ်းဆီးမှု #ကုသရေး #ကျန်းမာရေး
Share Share Share