အမြန်လမ်းစစ်ဆေးရေးဂိတ်အပါအဝင် ၃ နေရာကို PDF တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲက စစ်ကောင်စီနေရာ ၃ ခုကို Myingyan District Army-4 (Natogyi PDF) က တိုက်ခိုက်ခဲ့ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၅ စစ်ဆေးရေးဂိတ်၊ ပြင်စည်ကျေးရွာ စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ ကန်နားတိုက်နယ် ရဲစခန်းတို့ကို တနေ့တည်းတိုက်ခိုက်ခဲ့တာလို့ နွားထိုးကြီး PDF တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှု ၃နေရာမှာ စစ်ကောင်စီဘက်က စုစုပေါင်း စစ်သား ၅ ဦးသေပြီး ရဲ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။

"ကျနော်တို့ စုံစမ်းသိရှိရသလောက်တော့ ပြင်စည်စာသင်ကျောင်းထဲမှာကတော့ ၂ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာလည်းရှိတယ်။ အမြန်လမ်းမှာတော့ ထိခိုက်ဒဏ်ရာပဲရတာ မြင်ရတယ်။ ကန်နားရဲစခန်းကတော့ စစ်** ၃ ကောင်သေတယ်။ ရဲ ၄ ကောင်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရတယ်" လို့ တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။

အင်အား ၁၅ ဦးဝန်းကျင်ရှိတဲ့ ရန်ကုန်-မန္တလေးအမြန်လမ်း စစ်ဆေးရေးဂိတ်နဲ့ ပြင်စည်ကျေးရွာ စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး ကန်နားတိုက်နယ်ရဲစခန်းကိုတော့ လက်နက်ကြီး လက်နက်ငယ်‌တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒရုန်းနဲ့ ဗုံးသီးချတဲ့အချိန်မှာ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာတွေလုပ်ပြီး ကန်နားရဲစခန်းကို လက်နက်ကြီး လက်နက်ငယ်နဲ့ ဝင်ပစ်တဲ့အခါမှာတော့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၅ စစ်ဆေးရေးဂိတ်နဲ့ ပြင်စည်ကျေးရွာ စာသင်ကျောင်းတို့မှာက မိတ္ထိလာဘက်ကလာတဲ့ စစ်သားတွေဖြစ်ပြီး ကန်နားရဲစခန်းကတော့ နယ်မြေခံရဲတွေဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မြေလတ်သတင်း #အမြန်လမ်းစစ်ဆေးရေးဂိတ် #စစ်တပ် #ပြင်စည်ရွာ #ကန်နားရဲစခန်း #PDF #တိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10