အမြန်လမ်းပေါ်မှာ လူ ၂၀ ကျော်လိုက်ပါလာတဲ့ ခရီးသည်တင်ကားမှောက်ပြီး ၅ ဦးဒဏ်ရာရ

အမြန်လမ်းပေါ်မှာ လူ ၂၀ ကျော်လိုက်ပါလာတဲ့ ခရီးသည်တင်ကားမှောက်ပြီး ၅ ဦးဒဏ်ရာရ

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်မှာ လူ ၂၀ ကျော်လိုက်ပါလာတဲ့ ခရီးသည်တင်ကားမှောက်ပြီး ခရီးသည် ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၁ ရက်မနက် ၄ နာရီခွဲမှာ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကိုလာတဲ့ ခရီးသည် ၂၅ ဦးပါကားဟာ ကားလမ်းမိုင်တိုင်အမှတ် (၂၃၄/၅) နဲ့ (၂၃၄/၆) ကြားအရောက်မှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

"ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာ။ ဘယ်ဘက်ခြမ်း နောက်ဘီးပေါက်သွားတာပါ။ ဒဏ်ရာစိုးရိမ်ရတဲ့သူတွေတော့ မရှိပါဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် ယာဥ်ပေါ်ပါ ခရီးသည် ၂၅ ဦးအနက် အသက် ၂၀ ကနေ ၅၀ကြား အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့မှာ ခြေလက်တွေမှာပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရသူတွေကိုတော့ အမြန်လမ်းမီးသတ်နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကူညီပေးပြီး နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို ပို့ပေးခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

စက်တင်ဘာ ၁၉ ရက်ကလည်း အုတ်တွင်းမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ရေဘေးလှူပြီးပြန်လာတဲ့ကား တိမ်းမှောက်ပြီး သံဃာတော်တွေအပါအဝင် ၈ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#နေပြည်တော် #တပ်ကုန်း #အမြန်လမ်း #ကားမှောက် #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10