အမြန်လမ်းမှာ ကားမှောက်လို့ သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

အမြန်လမ်းမှာ ကားမှောက်လို့ သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၈၆/ ၆ နဲ့ ၂၈၆/၇ ကြားမှာ ကားဘီးပေါက်ပြီး တိမ်းမှောက်ရာက ရဟန်းတပါးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၄ ရက် ဒီမနက် ၇ နာရီခွဲလောက်မှာ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ ISUZU အမျိုးအစား အစိမ်းရောင်ကားတစီးဟာ ကားဘီးပေါက်ပြီး လမ်းဘေးကို ထိုးကျတိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

"ကားက ပြင်ဦးလွင်က ဘုန်းကြီးကျောင်းတကျောင်းက ကားပါ။ မောင်းလာချိန်မှာ ကားဝဲဘက် အရှေ့ဘီးပေါက်ပြီး လမ်းဘေးထိုးကျမှောက်သွားတာ။ ကားပေါ်မှာက သံဃာ ၂ ပါးနဲ့ လူ ၃ ယောက်ပါတယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။

ကားပေါ်မှာလိုက်ပါလာတဲ့ သက်တော် ၄၀ ကျော်အရွယ် ဆရာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့တာပါ။ 

ဒါ့အပြင် နောက်ထပ် သံဃာ ၁ ပါးနဲ့ အမျိုးသား ၁ ဦးလည်း ဒဏ်ရာရသွားခဲ့ကာ သေဆုံးသူနဲ့ ဒဏ်ရာရ သူတွေကိုတော့ သီးကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက မိတ္တီလာမြို့နယ် ပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၇/ဝ အနီးမှာ သံဃာတော်တွေလိုက်ပါလာတဲ့ကားတစီး တိမ်းမှောက်ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မိတ္တီလာ #ကားမှောက် #သံဃာသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10