သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ဘုရားဖူးယာဉ်တိမ်းမှောက်ရာက အမျိုးသမီး ၁ ဦးသေပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁ ရက်မနက် ၃ နာရီခန့်မှာ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ဘုရားဖူးပြည်သူ ၄၅ ဦးလိုက်ပါလာတဲ့ YUTONG အမျိုးအစား၊ အနီရောင် Express ဘုရားဖူးယာဉ်ဟာ ကားလမ်းမိုင်တိုင်အမှတ် ၁၁၇/၀ နဲ့ ၁၁၇/၁ အကြားအရောက်မှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
"မှောက်တာက ဘယ်လိုမှောက်လဲတော့ မသိဘူး။ ရောက်သွားတဲ့အချိန်မှာတော့ ကားလမ်းပေါ်မှာ ကန့်လန့်ကြီးတွေ့တာပဲ။ ရန်ကုန်အဆင်းတံတားနားမှာ။ သေဆုံးတာက ၁ ယောက်ပဲ။ ဒဏ်ရာရသူကတော့ များတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံတွေပြောဆိုချက်အရ သေဆုံးသူအမျိုးသမီးဟာ အသက် ၅၀ ဝန်းကျင်အရွယ်ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေမှာတော့ အမျိုးသား၊ အမျိုးသမီးအရွယ်စုံပါကာ အားလုံးက ဘုရားဖူးပြည်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်အရတော့ ယာဉ်တိမ်းမှောက်တာကြောင့် ၁ ဦးသေဆုံးပြီး အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၂၃ ဦးဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။
တိမ်းမှောက်တဲ့ကားကိုတော့ ဖြူးအမြန်လမ်းရဲကင်းကို ဆွဲယူထားပြီး သေဆုံးဒဏ်ရာရသူတွေကို ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကိုတင်ပို့ကာ ဆေးကုသနေကြရတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၃ ရက်ကလည်း လှည်းကူးမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမှာ ကား ၅ စီးဆင့်တိုက်မှုဖြစ်ပြီး ၁ ဦးသေ ၄ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#အမြန်လမ်း #ဘုရားဖူးကား #ကားမှောက် #မှုခင်း
Share Share Share