အမြန်လမ်းမှာ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးအကာတန်းကို ၀င်တိုက်လို့ ၂ ဦးသေဆုံး

အမြန်လမ်းမှာ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးအကာတန်းကို ၀င်တိုက်လို့ ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းမှာ ကားတစီး Guard-Rail (လမ်းဘေးအကာ)တန်းကိုဝင်တိုက်ပြီး ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ‌တွေဆီက သိရပါတယ်။

ဇူလိူင် ၂၆ ရက် မနက် ၆ နာရီ ၂၀ ခန့်မှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကိုမောင်းလာတဲ့ Honda Fit ကားဟာ ကားလမ်းမိုင်တိုင်အမှတ် ၁၇၁ အရောက်မှာ Guard-Rail တန်းကိုဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"ယာဥ်မောင်းက မောင်းလာရင်း အိပ်ငိုက်ပြီး Guard-Rail တန်းကိုတိုက်တယ်။ အရှိန်ကလည်းများတော့ အုတ်ခုံ ၂ ခုကိုပါ ဝင်တိုက်သွားတာ"လို့ ဒေသခံတဦးကပြောပါတယ်။

ဒီယာဥ်တိုက်မှုကြောင့် ယာဉ်မောင်းအပါအ၀င် ကားပေါ်ပါ အသက် ၅၀ ကျော် အမျိုးသား ၃ ဦးအနက် ၂ ဦးက နေရာတင်သေဆုံးသွားပြီး ယာဥ်မောင်းကတော့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးသွားသူတွေကိုတော့ ဒေသခံပရဟိတအသင်းတွေနဲ့ အမြန်လမ်းမီးသတ်အဖွဲ့၀င်တွေက နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၂ ရက်ကလည်း ဖြူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ အရှိန်လွန်ပြီးကား စလစ်ဖြစ်ကာ လမ်းလယ်ကျွန်းဝင်တိုက်ပြီး ၂ ဦးဒဏ်ရာရတယ်လို့သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #ယာဉ်တိုက်မှု #သေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10