အမြန်လမ်းမှာ ကုန်တင်ကားချင်းကျော်တက်ရာက တိုက်မိပြီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

အမြန်လမ်းမှာ ကုန်တင်ကားချင်းကျော်တက်ရာက တိုက်မိပြီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်မှာ ကုန်စိမ်းတင်ကားချင်းကျော်တက်ရာက ယာဉ်တိုက်မှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရတယ်လို့ ဒေသလူမှုကူညီရေးအသင်းဝင်တွေထံက သိရပါတယ်။

ဩဂုတ် ၂၈ ရက် ဒီနေ့မနက် ၅ နာရီ ၃၀ မိနစ်ခန့်မှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ Hino Ranger အမျိုးအစား ၆ ဘီး ကုန်တင်ယာဉ်နဲ့ လားရာတူမောင်းနှင်လာတဲ့ Nissan Condor အမျိုးအစား ၆ ဘီး ကုန်တင်ယာဉ်တို့ ကားလမ်းမိုင်တိုင်အမှတ် ၉၂/၀ နဲ့ ၉၂/၁ အကြား အရောက်မှာ တိုက်မိခဲ့တာလို့ဆိုပါတယ်။

" Hino Ranger ယာဥ်ကို Nissan Condor ယာဥ်က ကျော်တက်ရာကနေ ခေါင်းနဲ့ချိတ်ပြီး တိုက်မိသွားတာ။ အရှိန်လည်းပါတာဆိုတော့ ကျော်တက်နဲ့ယာဥ်က ယာဥ်မောင်းသေတယ်။ ယာဥ်နောက်လိုက် ဒဏ်ရာရတယ်" လို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် Nissan Condor ယာဥ်မောင်းအမျိုးသား အသက် ၃၀ နှစ်ခန့်ရှိသူ နေရာမှာပဲ သေဆုံးသွားပြီး အသက် ၂၉ နှစ်အရွယ် ယာဥ်နောက် လိုက်အမျိုးသားမှာ ဒဏ်ရာရရှိခဲ့ကာ သေဆုံးဒဏ်ရာရသူတွေကို အမြန်လမ်းမီးသတ်နဲ့ လူမှုကူညီရေးအဖွဲ့တွေက မြို့ချောင်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၂ ရက်ကလည်း အုတ်တွင်းမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ပန်းတွေတင်လာတဲ့ကား လေးကျိုးပြီး လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#အမြန်လမ်း #ယာဉ်တိုက်မှု #လူသေဆုံး #ကုန်တင်ယာဉ် #မတော်တဆမှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10