သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ဖြူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဥ်တိမ်းမှောက်လို့ ၁၀ ဦးဒဏ်ရာရသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။
မတ် ၁၃ ရက်ညနေ ၆ နာရီကျော်ခန့်မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ မနောတံခွန်ခရီးသည်တင်ယာဥ်ဟာ ကားလမ်းမိုင်တိုင်အမှတ် ၁၁၇/၃ အရောက်မှာ တိမ်းမှောက်ခဲ့တာလို့ဆိုပါတယ်။
"ကားက အရှိန်မထိန်းနိုင်ဘဲ မှောက်တယ်လို့တော့ သိထားရတယ်။ ကားပေါ်မှာက ၁၃ ဦးပါတာ ၁၀ ဦးဒဏ်ရာရသွားတယ်"လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက ပြောပါတယ်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုမှာ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်အပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် ၁ ဦး စုစုပေါင်း ၁၀ ဦးမစိုးရိမ်ရဒဏ်ရာရသွားပါတယ်။
ယာဥ်တိမ်းမှောက်လို့ ထိခိုက်ဒဏ်ရာရသွားသူတွေကိုတော့ အမြန်လမ်းမီးသတ်၊ ဒေသကြက်ခြေနီအသင်းတွေနဲ့လူမှုကူညီရေးအသင်းဝင်တွေက ဖြူးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကလည်း ဖြူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ပုဂံကနေ ဘုရားဖူးပြန်လာတဲ့ သံဃာတော်တွေလိုက်ပါလာတဲ့ကား လမ်းဘေးထိုးကျလို့ ၃ ပါးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ဖြူး #ခရီးသည်ယာဥ် #တိမ်းမှောက် #ဒဏ်ရာရ
Share Share Share