အမြန်လမ်းမှာ ခရီးသည်တင်ယာဥ်တိမ်းမှောက်လို့ ၃ ဦးဒဏ်ရာရ

အမြန်လမ်းမှာ ခရီးသည်တင်ယာဥ်တိမ်းမှောက်လို့ ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၆ ရက် မနေ့ နေ့လယ် ၂ နာရီကျော်မှာ ရန်ကုန်ဘက်နေ မန္တလေးဘက်ကိုမောင်းလာတဲ့ ဟိုက်အေစ့်ခရီးသည်တင်ယာဥ်ဟာ ကားလမ်းမိုင်တိုင်အမှတ် ၃၃၆ အရောက်မှာ လမ်းလယ်ကျွန်းကိုကာရံထားတဲ့ သံဘောင်ကိုတိုက်မိပြီး တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။

" အရှိန်များပြီး မထိန်းနိုင်ဘဲ သံဘောင်ကိုတိုက်မိပြီးမှ မှောက်သွားတာ။ ကားပေါ်မှာက ယာဥ်မောင်းအပါအဝင် ၆ ဦးပဲ ပါလာတာ။ အဲ့ထဲက ၃ ဦးဒဏ်ရာရသွားတယ်။"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် ယာဥ်ပေါ်ပါ အသက် ၅၀ မှ ၆၆ နှစ်ကြား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့မှာ ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသွားပြီး ကားမှာလည်း ရှေ့လေကာမှန်ကွဲ၊ ဘယ်ခြမ်းဘော်ဒီပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ယာဥ်တိမ်းမှောက်လို့ ဒဏ်ရာရသူတွေကိုတော့ အမြန်လမ်းမီးသတ်နဲ့ဒေသခံတွေက ကူညီပေးပြီး တံတားဦးဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂ ရက်ကလည်း မိတ္တီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ် လမ်းဘေးထိုးကျတိမ်းမှောက်လို့ ၁ ဦးသေပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #တံတားဦး #အမြန်လမ်း #ယာဉ်တိမ်းမှောက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10