အမြန်လမ်းမှာ ဆီပြတ်လို့ရပ်ထားတဲ့ Express ကို Canter က ဝင်တိုက်လို့ ၂ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

အမြန်လမ်းမှာ ဆီပြတ်လို့ရပ်ထားတဲ့ Express ကို Canter က ဝင်တိုက်လို့ ၂ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

ပဲခူးနဲ့ လှည်းကူးမြို့နယ်အစပ် ရန်ကုန်-မန္တလေးအမြန်လမ်း ၁၁ မိုင်အနီးမှာ ဖေဖော်ဝါရီ ၁၉ ရက် ဒီကနေ့ မနက် ၆ နာရီကျော်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အမြန်လမ်းမိုင်တိုင် ၁၁ မိုင်အနီးမှာ ဆီပြတ်လို့ ရပ်ထားတဲ့ Express ယာဥ်ကို နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ၆ ဘီး Canter ယာဥ်က အရှိန်များပြီးဝင်တိုက်မိခဲ့တာလို့  ဆိုပါတယ်။

" မနက်ပိုင်းဖြစ်တဲ့အချိန်မှာက မြူတွေကျနေတယ် Express မှာက ခရီးသည်မပါဘူး၊ ကုန်တွေချည်းပဲ။ ဆီပြတ်လို့ လမ်းဘေးရပ်ထားတာ။ Canter ကအရှိန်များပြီး နောက်ကနေဝင်တိုက်မိသွားတာ"လို့ ပဲခူးဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် Canter ယာဥ်ပေါ်ပါ ယာဥ်မောင်း ဦးမန်းအောင်သွင် ၅၄ နှစ် ဝမ်းတွင်းမြို့နေထိုင်သူနဲ့ ဦးနေဝင်းဇော် ၄၃ နှစ် တွံတေးမြို့နယ်နေထိုင်သူတို့မှာ ရရှိဒဏ်ရာတွေနဲ့ နေရာမှာသေဆုံးသွားပြီး ခေါင်းခန်းမှာပဲလိုက်ပါလာတဲ့ အသက် ၄၀ ကျော်အမျိုးသား ၁ ဦးမှာလည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် သေဆုံးဒဏ်ရာရသွားသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်ကလည်း တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း  မိုင်တိုင်အမှတ် ၁၅၈/၅ အနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ယာဥ် ၅ စီးဆင့်တိုက်မှုဖြစ်ပြီး ခရီးသည် ၃ ဦးသေဆုံး၊  ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #လှည်းကူး #အမြန်လမ်း #ယာဉ်တိုက်မှု #လူသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10