အမြန်လမ်းမှာ နောက်ဘီးပွင့်ပြီး ယာဉ်မတော်တဆဖြစ်လို့  သားအဖ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

အမြန်လမ်းမှာ နောက်ဘီးပွင့်ပြီး ယာဉ်မတော်တဆဖြစ်လို့  သားအဖ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်း ၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် ၁၂၀/၇ မှာ ကားနောက်ဘီးပွင့်ပြီး ယာဥ်တိုက်မှုဖြစ်လို့ သားအဖ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

 

ဇူလိုင်လ ၁ ရက်နေ့လယ် ၂ နာရီခန့်မှာ နေပြည်တော်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ ATRAI WAGON အမျိုးအစားမော်တော်ယာဉ်ဟာ နောက်ဘီးပေါက်ပြီး လမ်းမဘေးသံတန်းနဲ့ မိုင်တိုင်တို့ကို ဝင်ရောက်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

 

 

"ကားမှာ နောက်တာယာပွင့်ထွက်နေတာ တွေ့ရတယ်။ အရှိန်များ တာယာပွင့်ပြီး လမ်းဘေးတန်းတွေနဲ့ မိုင်တိုင်ကို တိုက်မိတဲ့ပုံစံမျိုး။ အမျိုးသား ၁ ယောက်ကတော့ နေရာမှာပဲ ဆုံးတယ်။‌ သေဆုံးသူရဲ့ သမီးဖြစ်သူကတော့ ဆေးရုံသယ်သွားချိန်မှာ ထပ်ဆုံးတယ်"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

 

သေဆုံးသူတွေဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာနေထိုင်တဲ့ ဦးခင်မောင်ကျော် ၅၀ နှစ်ခန့်နဲ့  သမီးဖြစ်သူ မရတီဖူးငုံ ၂၅ နှစ်ခန့်တို့ဖြစ်ပြီး ကားမောင်းနှင်သူ ယာဥ်မောင်း ဦးခင်အောင်ဝင်း ၃၀ နှစ်ခန့် အပါအဝင် ကားပေါ်လိုက်ပါလာသူ ဒေါ်အေးအေးမြင့် ၅၅ နှစ်ခန့်နဲ့ မနှင်းအေးငြိမ်း ၃၀ နှစ်ခန့်တို့ ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

 

သေဆုံးဒဏ်ရာရသူတွေကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက ဖြူးမြိုနယ်ပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

 

 

ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းမှာ ယာဉ်တိုက်မှုမကြာခဏဖြစ်ပွားနေပြီး၊ ပြီးခဲ့တဲ့ မေလအတွင်းကပဲ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် ၇ ဦးသေဆုံး ၂၉ ဦးဒဏ်ရာရရှိခဲ့ ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၆၄ သန်းကျော်အထိရှိတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ရဲ့ပြောဆိုမှုတွေ အရသိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#ရန်ကုန် #မန္တလေး #အမြန်လမ်းမ #ယာဉ်တိမ်းမှောက်မှု #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10