အမြန်လမ်းမှာ ဘုရားဖူးဟိုက်ဂျက်ကား နောက်ကဝင်တိုက်ခံရလို့ ၁၀ ဦးဒဏ်ရာရ

အမြန်လမ်းမှာ ဘုရားဖူးဟိုက်ဂျက်ကား နောက်ကဝင်တိုက်ခံရလို့ ၁၀ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၂၄/၅ မှာ ဟိုက်ဂျက်ကား နောက်ကဝင်တိုက်ခံရလို့  ၁၀ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ မနက် ၈ နာရီခန့်မှာ နေပြည်တော်ဘက်ကနေ မန္တလေးဘက်ကို ယာဉ်မောင်း ဦးအောင်နိုင်ဦး မောင်းနှင်လာတဲ့ Hijet ယာဉ်ကို လားရာတူအတိုင်း ရန်နိုင်အောင်စည် မောင်းနှင်လာတဲ့ Nissan Caravan ကားက အနောက်မှ ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

" နောက်ကားက သူတို့ကားကို ကျော်တက်တာမှာ မလွတ်ဘဲ ဝင်တိုက်မိသွားတာ။ Hijet ပေါ်မှာက ယာဥ်မောင်းအမျိုးသားနဲ့ ကျန်တာအမျိုးသမီးတွေချည်းပဲပါတာ"လို့ နွားထိုးကြီးနယ် ဒေသခံတဦးက မြေ လတ်အသံကို ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် Hijet ယာဥ်မောင်းအမျိုးသားနဲ့ ယာဉ်ပေါ်ပါ အမျိုးသမီး ၉ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေဟာ နတ်မောက်မြို့နယ်နေထိုင်ကြသူတွေဖြစ်ကာ ဘုရားသွားရောက်မယ့်ကားလို့ သိရပါတယ်။

ဒဏ်ရာရသွားသူတွေကိုတော့ ပြင်စည်အမြန်လမ်းမီးသတ်နဲ့ ဒေသလူမှုကူညီရေးအသင်းတွေက နွားထိုးကြီးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပြီး နောက်ကနေဝင်တိုက်တဲ့ ယာဥ်မောင်း ရန်နိုင်အောင် စည်ကိုတော့ နွားထိုးကြီးရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၈ ရက်ကပဲ အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမိုင်တိုင် ၁၂၉/၇ မှာ ငါး၊ပုဇွန်တွေတင် ဆောင်လာတဲ့ ၁၀ ဘီးကုန်တင်ကား လမ်းလယ်ကျွန်းကိုဝင်တိုက်ပြီးနောက် ကားတစီးလုံးမီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #အမြန်လမ်း #ယာဉ်တိုက်မှု #လူထိခိုက် #ဒဏ်ရာရ #ဟိုက်ဂျက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10