အမြန်လမ်းမှာ ယာဥ်တိုက်မှုဖြစ်လို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

အမြန်လမ်းမှာ ယာဥ်တိုက်မှုဖြစ်လို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၃/၂) နဲ့ (၂၃/၃) ကြားမှာ ယာဥ်တိုက်မှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁၇ ရက် ဒီမနက် ၁ နာရီခွဲလောက်မှာ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ကုန်းစိမ်းတင်ကားတစီးက ယာဥ်တိုက်မှုဖြစ်ပြီး  ၂၆ နှစ်အရွယ် ယာဥ်မောင်း ရဲထက်စိုး သေဆုံးပြီး ၂၃ နှစ်အရွယ် ယာဥ်နောက်လိုက် အောင်ထက်လင်း ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

"သိရသလောက်က ကုန်စိမ်းတင်ယာဥ်က ခေါင်းပိုင်းကြေနေတယ်။ ရှေ့က ကားတစီးစီးကို ဝင်တိုက်မိထားတဲ့ ပုံဘဲ။ အနားမှာ တိုက်ထားတာလည်း ဘာမှမတွေ့ရဘူး။ အတိုက်ခံရတဲ့ ကားကိုတော့ မတွေ့ရဘူး"လို့ ဒေသခံတဦးကပြောပါတယ်။


ကားခေါင်းပိုင်းက ကြေမွပျက်စီးသွားတဲ့အတွက် ရှေ့မှာရှိနေတဲ့ ကားတစီးကို ဝင်တိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပြီး ဘယ်အရာကိုတိုက်မိတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

သေဆုံးထိခိုက်ဒဏ်ရာရသူတွေကိုတော့ အမြန်လမ်းမီးသတ်နဲ့ အမြန်လမ်း ရဲတွေက ပဲခူးဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၆ ရက် ညပိုင်းကလည်း ပဲခူးမြို့နယ်၊ တောစွန်းကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ကားနဲ့ဆိုင်ကယ်တိုက်ပြီး နှစ်စီးစလုံးမီးလောင်ကာ အမျိုးသမီး ၁ ဦး ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အမြန်လမ်း #ယာဥ်တိုက်မှု #သေဆုံး #ထိခိုက် #ဒဏ်ရာရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10