အမြန်လမ်းမှာ ရပ်ထားတဲ့ယာဥ်ကို ဝင်တိုက်လို့  ၂ ဦးသေပြီး ၁၂ ဦးဒဏ်ရာရ

အမြန်လမ်းမှာ ရပ်ထားတဲ့ယာဥ်ကို ဝင်တိုက်လို့  ၂ ဦးသေပြီး ၁၂ ဦးဒဏ်ရာရ

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ရပ်ထားတဲ့ကားကို နောက်ကားက ဝင်တိုက်မိတာကြောင့် တိုက်မိတဲ့ကားပေါ်ပါသူ ၂ ဦးသေပြီး ၁၂ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၂၂ ရက်မနက် ၅ နာရီ ၃၄ မိနစ်ခန့်မှာ ရန်ကုန်ဘက်ကနေ ရမည်းသင်းဘက်ကို မောင်းနှင်လာတဲ့ SOJEN ကားက လမ်းအတိုင်းမောင်းနှင်လာစဥ် ကားလမ်းမိုင်တိုင်အမှတ် (၂၄၃/၅) နဲ့ (၂၄၃/၆) အကြားအရောက်မှာ FUSO ၆ ဘီးကားကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"ဘီးပေါက်လို့ရပ်ထားတဲ့ ကားကိုနောက်က ကားကဝင်ဆောင့်တာ။ ရမည်းသင်းဘက်သွားမယ့် သူတွေလို့တော့ သိရတယ်။"လို့ ဒေသခံ ၁ ဦးကပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် SOJEN ယာဉ်ပေါ်ပါသူ ၁၆ ဦးအနက် အသက် ၄၀ ကျော် ယာဥ်မောင်းအမျိုးသား နဲ့ အသက် ၅၀ ကျော်အမျိုးသမီး ၁ ဦးတို့သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ယာဥ်ပေါ်ပါသူတွေအနက် အသက် ၂၀ ကနေ ၅၀ ကြားရှိ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၇ ဦး ဒဏ်ရာရခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကိုတော့ အမြန်လမ်းမီးသတ်နဲ့ ဒေသခံတွေက နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကိုတင်ပို့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၁ ရက်ကလည်း တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်မှာ ခရီးသည်တင်ယာဥ် ၁ စီးဘီးပေါက်ပြီး တိမ်းမှောက်လို့ ခရီးသည် ၅ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#နေပြည်တော် #တပ်ကုန်း #ယာဥ်တိုက်မှု #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10