အမြန်လမ်းမှာ ဝန်ပိုတင်လာတဲ့ကား သစ်ပင်ဝင်တိုက်ပြီးမှောက်လို့ ၃ ဦးဒဏ်ရာရ

အမြန်လမ်းမှာ ဝန်ပိုတင်လာတဲ့ကား သစ်ပင်ဝင်တိုက်ပြီးမှောက်လို့ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ပန်းသေတ္တာတင်လာတဲ့ကား လမ်းဘေးသစ်ပင်ကို ဝင်တိုက်ခဲ့တာကြောင့် ကားမှောက်ပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂ ရက်မနက် ၇ နာရီခန့်မှာ တောင်ကြီးဘက်ကနေ ရန်ကုန်ဘက်ကို ပန်းသေတ္တာတွေတင်လာတဲ့ ၆ ဘီးကားဟာ ကားလမ်းမိုင်တိုင်အမှတ် ၁၄၀/၂ အနီးမှာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကားက အိုဗာဝိတ်တင်လာတာ။ ပန်းသေတ္တာတွေ မနည်းဘူး။ ဝိတ်များတော့ ရှေ့လေးကျိုးပြီး အရှိန်မထိန်းနိုင်တော့ဘဲ သစ်ပင်ကိုဝင်တိုက်ပြီး မှောက်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ကားမှောက်လို့ ယာဥ်မောင်း ဦးလင်းလင်းထွန်း၊ ယာဥ်နောက်လိုက် ကိုမင်းထက်သာနဲ့ လမ်းကြုံလိုက်လာသူ ကိုဝေယံထွန်းတို့ ၃ ဦးမှာ ခြေထောက်၊ ဦးခေါင်းနဲ့လက်တွေ ပွန်းပဲ့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရသူတွေကို ဒေသခံတွေကတောင်ငူဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

ဇူလိုင် ၂၆ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းမှာ ယာဥ်မောင်းအိပ်ငိုက်ပြီး Guard-Rail (လမ်းဘေးအကာ)ကို ဝင်တိုက်လို့  ၂ ဦးသေပြီး ၁ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #အမြန်လမ်း #ယာဥ်မှောက် #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10